ကမ္ဘာ​ဦး 31:21-27 BCL

21 ဤ​သို့​အား​ဖြင့်​သူ​ပိုင်​ဆိုင်​သ​မျှ​ဥစ္စာ​ပစ္စည်း​တို့ ကို​ယူ​၍ အ​ဆော​တ​လျင်​ခ​ရီး​ထွက်​ခဲ့​ရာ သူ သည်​ဥ​ဖ​ရတ်​မြစ်​ကို​ဖြတ်​ကျော်​ပြီး​နောက် ဂိ​လဒ်​တောင်​သို့​ရှေ့​ရှု​ခ​ရီး​ဆက်​ခဲ့​လေ​၏။

22 သုံး​ရက်​ကြာ​သော​အ​ခါ လာ​ဗန်​သည်​ယာ​ကုပ် ထွက်​ပြေး​ကြောင်း​ကို​ကြား​သိ​ရ​လေ​သည်။-

23 ထို​အ​ခါ​သူ​သည်​မိ​မိ​၏​သား​ချင်း​တို့​ကို ခေါ်​၍ ယာ​ကုပ်​နောက်​သို့​ခုနစ်​ရက်​ကြာ​မျှ လိုက်​ခဲ့​ရာ​ဂိ​လဒ်​တောင်​ဒေ​သ​သို့​အ​ရောက် တွင်​မီ​လေ​၏။-

24 ထို​နေ့​ည​၌​အိပ်​မက်​ထဲ​တွင်​ဘု​ရား​သ​ခင် သည်​လာ​ဗန်​ထံ​သို့​ကြွ​လာ​တော်​မူ​၍``သင် သည်​ယာ​ကုပ်​အား​မည်​သို့​မျှ​ခြိမ်း​ခြောက်​ခြင်း မ​ပြု​မိ​ရန်​သ​တိ​ပြု​လော့'' ဟု​မိန့်​တော်​မူ​၏။-

25 ယာ​ကုပ်​သည်​တောင်​ပေါ်​၌​လည်း​ကောင်း၊ လာ​ဗန် နှင့်​သား​ချင်း​တို့​သည်​ဂိ​လဒ်​တောင်​ဒေ​သ​၌ လည်း​ကောင်း​စ​ခန်း​ချ​ကြ​လေ​သည်။

26 လာ​ဗန်​က``သင်​သည်​အ​ဘယ်​ကြောင့်​ငါ့​ကို လှည့်​စား​၍ ငါ​၏​သ​မီး​များ​ကို​စစ်​သုံ့​ပန်း များ​ကဲ့​သို့​ခေါ်​ဆောင်​သွား​ရ​ပါ​သ​နည်း။-

27 အ​ဘယ်​ကြောင့်​တိတ်​ဆိတ်​စွာ​ထွက်​ပြေး​သ​နည်း။ ငါ့​အား​အ​သိ​ပေး​ခဲ့​လျှင်​ငါ​သည်​ပတ်​သာ စောင်း​ငြင်း​တီး​လျက် မြူး​တူး​ပျော်​ရွှင်​စွာ သင်​တို့​ကို​စေ​လွှတ်​လိုက်​မည်​သာ​ဖြစ်​၏။-