ကမ္ဘာ​ဦး 31:38-44 BCL

38 ကျွန်ုပ်​သည်​သင်​နှင့်​အ​တူ​နှစ်​ပေါင်း​နှစ်​ဆယ်​နေ ထိုင်​ခဲ့​ပါ​သည်။ သင်​၏​သိုး​မ​နှင့်​ဆိတ်​မ​တို့​သည် သား​မ​ပေါက်​ကြ​ဟူ​၍​မ​ရှိ။ သင့်​သိုး​ထီး​ဆိတ် ထီး​တို့​ကို​ကျွန်ုပ်​သတ်​၍​မ​စား။-

39 သိုး​တစ်​ကောင်​ကို​တော​သား​ရဲ​က​ကိုက်​သတ် လျှင် ကျွန်ုပ်​သာ​လျှင်​အ​မြဲ​အ​စား​ထိုး​ပေး ပါ​သည်။ သိုး​သေ​ရ​ခြင်း​မှာ​ကျွန်ုပ်​၏​တာ​ဝန် မ​ရှိ​ကြောင်း​သက်​သေ​ထူ​ရန်​ထို​အ​သေ​ကောင် ကို​သင့်​ထံ​သို့​မ​ယူ​ဆောင်​ခဲ့​ပါ။ နေ့​အ​ချိန် ၌​ဖြစ်​စေ၊ ည​အချိန်​၌​ဖြစ်​စေ​တိ​ရစ္ဆာန်​အ​ခိုး ခံ​ရ​လျှင်​သင်​သည်​ကျွန်ုပ်​အား​ထို​တိ​ရစ္ဆာန် အ​တွက်​အ​စား​ပေး​လျော်​စေ​၏။-

40 ကျွန်ုပ်​သည်​နေ့​အ​ချိန်​၌​နေ​ပူ​ဒဏ်​ကို​လည်း ကောင်း၊ ည​အ​ချိန်​၌​အ​အေး​ဒဏ်​ကို​လည်း​ကောင်း အ​ကြိမ်​ကြိမ်​ခံ​ခဲ့​ရ​ပါ​သည်။ အ​အိပ်​လည်း ပျက်​ခဲ့​ရ​ပါ​သည်။-

41 သင်​နှင့်​နှစ်​ပေါင်း​နှစ်​ဆယ်​ထို​ဒုက္ခ​ကို​ခံ​ခဲ့​ရ​ပြီ။ သင်​၏​သမီး​နှစ်​ယောက်​အ​တွက်​တစ်​ဆယ့်​လေး​နှစ် အ​လုပ်​လုပ်​ပေး​ခဲ့​ပါ​သည်။ ထို​နောက်​ခြောက်​နှစ် မျှ​သင်​၏​တိ​ရစ္ဆာန်​တို့​ကို​ထိန်း​ကျောင်း​ခဲ့​ရ​ပါ သည်။ ထို​ကဲ့​သို့​ဆောင်​ရွက်​ပေး​သည့်​တိုင်​အောင် သင်​သည်​ကျွန်ုပ်​၏​အ​ခ​ကို​ဆယ်​ကြိမ်​မျှ​ပြောင်း လဲ​ခဲ့​ပါ​သည်။-

42 အ​ကယ်​၍​အာ​ဗြ​ဟံ​နှင့်​ဣ​ဇာက်​တို့​ကိုး​ကွယ် သော​ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​တို့​နှင့်​အ​တူ မ​ရှိ​ခဲ့​လျှင် သင်​သည်​ကျွန်ုပ်​ကို​လက်​ချည်း​သက် သက်​စေ​လွှတ်​လိုက်​မည်​ဖြစ်​၏။ သို့​သော်​လည်း ဘု​ရား​သ​ခင်​သည်​ကျွန်ုပ်​ခံ​ရ​သော​ဆင်း​ရဲ ခြင်း၊ ပင်​ပန်း​စွာ​လုပ်​ကိုင်​ရ​ခြင်း​တို့​ကို​သိ မြင်​တော်​မူ​သ​ဖြင့်​ယ​မန်​နေ့​ည​က​သင့်​ကို ဆုံး​မ​တော်​မူ​ပြီ'' ဟု​လာ​ဗန်​အား​ဆို​လေ​၏။

43 လာ​ဗန်​က``ဤ​သ​မီး​တို့​သည်​ငါ​၏​သ​မီး​များ ဖြစ်​၍ သူ​တို့​၏​သား​သ​မီး​များ​သည်​လည်း ငါ​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ ဤ​သိုး​အုပ် ဆိတ်​အုပ်​များ​သည်​လည်း​ငါ​၏​တိ​ရစ္ဆာန်​များ ဖြစ်​၏။ စင်​စစ်​အား​ဖြင့်​သင်​မြင်​သ​မျှ​သော ဥစ္စာ​ပစ္စည်း​တို့​ကို​ငါ​ပိုင်​၏။ သို့​သော်​လည်း​ငါ ၏​သ​မီး​များ​နှင့်​သူ​တို့​၏​သား​သ​မီး​တို့ ကို​ငါ​စောင့်​ရှောက်​ထား​ရန်​မ​ဖြစ်​နိုင်​တော့ သ​ဖြင့်၊-

44 သင်​နှင့်​ငါ​ပ​ဋိ​ညာဉ်​ပြု​လို​ပါ​သည်။ ထို​ပ​ဋိ ညာဉ်​ပြု​ချက်​ကို​ငါ​တို့​သ​တိ​ရ​စေ​ခြင်း​ငှာ ကျောက်​ပုံ​တည်​ကြ​စို့'' ဟု​ယာ​ကုပ်​အား​ပြော လေ​သည်။