1 ယာကုပ်သည်ခရီးဆက်လက်သွားစဉ် ဘုရားသခင်၏ ကောင်းကင်တမန်တို့နှင့်တွေ့ဆုံလေ သည်။-
2 ကောင်းကင်တမန်တို့ကိုမြင်လျှင်ယာကုပ် က``ဤအရပ်ကားဘုရားသခင်၏တပ်တော် ဖြစ်သည်'' ဟုဆို၍၎င်းကိုမဟာနိမ်ဟုမှည့် ခေါ်လေသည်။
3 ယာကုပ်သည်ဧဒုံပြည်တွင်ရှိသောသူ၏အစ် ကိုဧသောထံသို့ စေတမန်များကိုရှေ့ပြေး အဖြစ်စေလွှတ်လေ၏။-
4 ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
5 ကျွန်ုပ်တွင်နွား၊ မြည်း၊ သိုး၊ ဆိတ်နှင့်ကျွန်များရှိ ပါသည်။ ကိုယ်တော်ထံ၌ကျွန်ုပ်မျက်နှာသာရ နိုင်မည်ဟုမျှော်လင့်လျက် ဤသို့သတင်းပို့ လျှောက်ထားပါသည်' ဟုပြောလော့'' ဟုမှာ ကြားလိုက်လေသည်။
6 စေတမန်တို့သည်ယာကုပ်ထံသို့ပြန်ရောက် လာ၍ ``ကျွန်ုပ်တို့သည်ကိုယ်တော်၏အစ်ကို ဧသောထံသို့ရောက်ခဲ့ပါသည်။ သူသည်လည်း ကိုယ်တော်နှင့်တွေ့ဆုံရန်လာနေပါပြီ။ သူ့ ထံ၌လူအင်အားလေးရာရှိပါသည်'' ဟု ပြန်ကြားကြသည်။-