4 အာဗေလသည်လည်းမိမိသိုးအုပ်မှ အဦး ဆုံးပေါက်သောသိုးကိုယူဆောင်ခဲ့၍သတ် ပြီးလျှင် အကောင်းဆုံးသောအပိုင်းများကို ထာဝရဘုရားအားပူဇော်၏။ ထာဝရဘုရား သည်အာဗေလနှင့်သူ၏ပူဇော်သကာကို နှစ်သက်တော်မူ၏။-
5 သို့ရာတွင်ကာဣနနှင့်သူ၏ပူဇော်သကာကို မူကား နှစ်သက်တော်မမူ။ ထို့ကြောင့်ကာဣန သည်အလွန်ဒေါသထွက်၍မျက်မှောင်ကြုတ် လေ၏။-
6 ထိုအခါထာဝရဘုရားက``သင်သည်အဘယ် ကြောင့်ဒေါသထွက်၍မျက်မှောင်ကြုတ်ရသ နည်း။-
7 သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
8 ကာဣနသည်ညီအာဗေလအား``လမ်းလျှောက် ထွက်ကြမည်'' ဟုခေါ်၍လယ်ထဲသို့ရောက်ရှိ ကြလျှင် ညီအာဗေလကိုရန်ဘက်ပြုကာ သတ်လေ၏။
9 ထာဝရဘုရားက``သင့်ညီအာဗေလအဘယ် မှာရှိသနည်း'' ဟုကာဣနအားမေးတော် မူ၏။ကာဣနက``အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ညီကိုထိန်းရသောသူဖြစ်ပါသလော'' ဟု ပြန်၍လျှောက်၏။
10 ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-