ကမ္ဘာ​ဦး 41:44-51 BCL

44 ထို​နောက်​ဖာ​ရော​ဘု​ရင်​က​ယော​သပ်​အား``ငါ သည်​ဖာ​ရော​ဘု​ရင်​ဖြစ်​၏။ အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​သင်​၏​ခွင့်​ပြု​ချက်​မ​ရ​ဘဲ​နှင့်​အ​ဘယ် သူ​မျှ​လက်​ခြေ​ကို​မ​ကြွ​ရ'' ဟု​မိန့်​တော်​မူ​၏။-

45-46 ဘု​ရင်​သည်​ယော​သပ်​အား​ဇာ​ဖ​ဏာ​သ​ဖာ​ဏ ဟူ​သော​ဘွဲ့​နာ​မ​ကို​ချီး​မြှင့်​၍ သြ​န​မြို့​မှ ယဇ်​ပု​ရော​ဟိတ်​ပေါ​တိ​ဖေ​ရ​၏​သ​မီး​အာ​သ နတ်​နှင့်​ထိမ်း​မြား​စုံ​ဖက်​စေ​လေ​သည်။ယော​သပ်​သည်​အီ​ဂျစ်​ပြည်​ဖာ​ရော​ဘု​ရင်​၏ မင်း​မှု​ကို စ​တင်​ထမ်း​ရွက်​သည့်​အ​ခါ​၌​အ​သက် အ​နှစ်​သုံး​ဆယ်​ရှိ​၏။ သူ​သည်​ဘုရင်​ထံ​ပါး​မှ ထွက်​၍​အီ​ဂျစ်​ပြည်​တစ်​ပြည်​လုံး​သို့​တိုင်း​ခန်း လှည့်​လည်​လေ​သည်။-

47 ရိက္ခာ​ပေါ​ကြွယ်​ဝ​သော​ခု​နစ်​နှစ်​အ​တွင်း တွင် တိုင်း​ပြည်​သည်​သီး​နှံ​ထွက်​အ​လွန်​ကောင်း​၏။-

48 ယော​သပ်​သည်​ခု​နစ်​နှစ်​အ​တွင်း​လယ်​များ မှ​ထွက်​သ​မျှ​သော​စ​ပါး​သီး​နှံ​များ​ကို စု​သိမ်း​၍ မြို့​များ​၌​သို​လှောင်​ထား​လေ​သည်။ လယ်​များ​မှ​ထွက်​သော​စ​ပါး​သီး​နှံ​ကို​နီး စပ်​ရာ​မြို့​အ​သီး​သီး​တွင်​သို​လှောင်​စေ​သည်။-

49 သူ​စု​ဆောင်း​ရ​ရှိ​သော​စ​ပါး​သီး​နှံ​တို့​သည် ပင်​လယ်​သဲ​လုံး​တစ်​မျှ​များ​လှ​သော​ကြောင့် မ​ချင်​တွယ်​ဘဲ​ထား​ရ​လေ​သည်။

50 အ​စာ​ခေါင်း​ပါး​ခြင်း​နှစ်​များ​မ​ဆိုက်​ရောက်​မီ ယော​သပ်​သည် မ​ယား​အာ​သ​နတ်​နှင့်​သား​နှစ် ယောက်​ရ​ရှိ​လေ​သည်။-

51 ယော​သပ်​က``ဘု​ရား​သ​ခင်​သည်​ငါ​ခံ​ရ​သော ဆင်း​ရဲ​ဒုက္ခ​ကို​လည်း​ကောင်း၊ အ​ဖ​၏​အိမ်​သား အ​ပေါင်း​တို့​ကို​လည်း​ကောင်း​မေ့​ပျောက်​စေ​တော် မူ​ပြီ'' ဟု​ဆို​၍​သူ​၏​သား​ဦး​ကို​မ​နာ​ရှေ​ဟု နာ​မည်​မှည့်​လေ​၏။-