ကမ္ဘာ​ဦး 42:1-5 BCL

1 ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​ရှိ ကြောင်း​ကြား​သိ​ရ​သော​အ​ခါ သူ​၏​သား​တို့ အား``သင်​တို့​အ​ဘယ်​ကြောင့်​မှိုင်​တွေ​နေ​ကြ သ​နည်း။-

2 အီ​ဂျစ်​ပြည်​၌​စပါး​ရှိ​ကြောင်း​ငါ​ကြား​ရ​သည်။ ငါ​တို့​အ​စာ​ငတ်​၍​မ​သေ​ကြ​စေ​ရန်​သင်​တို့ ထို​ပြည်​သို့​သွား​၍​စ​ပါး​ဝယ်​ကြ​လော့'' ဟု စေ​ခိုင်း​လေ​၏။-

3 ထို​ကြောင့်​ယော​သပ်​၏​အစ်​ကို​တစ်​ကျိပ်​တို့​သည် စပါး​ဝယ်​ရန်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​သွား​ကြ​၏။-

4 ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။

5 ခါ​နာန်​ပြည်​တစ်​ပြည်​လုံး​တွင်​အစာ​ခေါင်း​ပါး​ခြင်း ကပ်​ဆိုက်​လျက်​ရှိ​သ​ဖြင့် ယာ​ကုပ်​၏​သား​တို့​သည် အ​ခြား​သော​စ​ပါး​ဝယ်​ရန်​သွား​သူ​တို့​နှင့်​အ​တူ အီ​ဂျစ်​ပြည်​သို့​သွား​ကြ​၏။-