ကမ္ဘာ​ဦး 47:26-31 BCL

26 သို့​ဖြစ်​၍​ယော​သပ်​သည်​အီ​ဂျစ်​ပြည်​တွင် အ​သီး​အ​နှံ​ထွက်​ထဲ​မှ ငါး​ပုံ​တစ်​ပုံ​ကို ဖာ​ရော ဘု​ရင်​ထံ​ဆက်​ရ​မည်​ဟူ​သော​မြေ​ယာ​ဥ​ပ​ဒေ တစ်​ရပ်​ကို​ပြ​ဋ္ဌာန်း​ခဲ့​လေ​သည်။ ထို​ဥ​ပ​ဒေ သည်​ယ​နေ့​တိုင်​အောင်​အာ​ဏာ​တည်​လျက်​ရှိ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​ပိုင်​သော​လယ်​မြေ​များ​သာ လျှင်​ထို​ဥ​ပ​ဒေ​မှ​လွတ်​ကင်း​ခွင့်​ရှိ​သည်။

27 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​ဂေါ​ရှင်​အ​ရပ်​၌​နေ​ထိုင်​ကြ​စဉ်​ကြီး ပွား​တိုး​တက်​၍​လူ​ဦး​ရေ​အ​လွန်​များ​ပြား လာ​လေ​သည်။-

28 ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​တွင်​တစ်​ဆယ့် ခု​နစ်​နှစ်​နေ​ထိုင်​ခဲ့​၏။ သို့​ဖြစ်​၍​ယာ​ကုပ် ၏​သက်​တမ်း​မှာ​တစ်​ရာ့​လေး​ဆယ်​ခု​နစ် နှစ်​ဖြစ်​သ​တည်း။-

29 သူ​သည်​စု​တေ့​ရ​သော​အ​ချိန်​နီး​လာ​သော အ​ခါ သား​ယော​သပ်​ကို​ခေါ်​၍​ငါ့​အား​သင် မျက်​နှာ​သာ​ပေး​မည်​ဆို​လျှင်``ငါ​၏​ပေါင်​အောက် မှာ​သင်​၏​လက်​ကို​ထား​လျက် သင်​၏​က​ရု​ဏာ နှင့်​သစ္စာ​တ​ရား​ကို​ငါ့​အား​ပြ​မည်​ဟု​က​တိ ပြု​ပါ​လော့။ အ​ဖ​ကို​အီ​ဂျစ်​ပြည်​၌​သင်္ဂြိုဟ် ခြင်း​မ​ပြု​ပါ​နှင့်။-

30 အ​ဖ​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​၍​အ​ဖ​၏ ဘိုး​ဘေး​တို့​သင်္ဂြိုဟ်​ရာ​သင်္ချိုင်း​၌​သင်္ဂြိုဟ်​ပါ လော့'' ဟု​ဆို​၏။ယော​သပ်​က``အ​ဖ​ဆန္ဒ​အ​တိုင်း​ကျွန်​တော်​ဆောင် ရွက်​ပေး​ပါ​မည်'' ဟု​ဝန်​ခံ​လေ​၏။

31 သို့​ရာ​တွင်​ယာ​ကုပ်​က``ဆောင်​ရွက်​ပေး​ပါ​မည်​ဟု ကျိန်​ဆို​လော့'' ဟု​ဆို​သော်​ယော​သပ်​သည်​ကျိန်​ဆို လေ​၏။ ထို​နောက်​ယာ​ကုပ်​သည်​အိပ်​ရာ​၏​ခေါင်း ရင်း​တွင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လေ​၏။