10 ယာကုပ်သည်အသက်အရွယ်အိုမင်းပြီ ဖြစ်သောကြောင့် မျက်စိမှုန်၍ကောင်းစွာမ မြင်နိုင်။ ယောသပ်သည်သူ၏သားများကို ယာကုပ်အနီးသို့ခေါ်ခဲ့ရာ သူသည်သူငယ် များကိုဖက်၍နမ်းရှုပ်လေ၏။-
11 ယာကုပ်ကယောသပ်အား``ငါသည်သင့်ကို နောက်တစ်ဖန်မြင်ရဦးမည်ဟုမမျှော်လင့် ခဲ့။ ဘုရားသခင်သည်ယခုငါ့အားသင်၏ သားတို့ကိုပင်မြင်ခွင့်ပေးတော်မူပြီ'' ဟု ဆိုလေ၏။-
12 ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
13 ထိုနောက်ဧဖရိမ်ကိုယာကုပ်၏အနီးလက်ဝဲ ဘက်၌လည်းကောင်း၊ မနာရှေကိုလက်ယာ ဘက်၌လည်းကောင်းရပ်စေ၏။-
14 သို့ရာတွင်ယာကုပ်သည်မိမိလက်ကိုယှက် ၍သားငယ်ဖြစ်သူ ဧဖရိမ်၏ဦးခေါင်းပေါ် တွင်လက်ယာလက်ကိုလည်းကောင်း၊ သားကြီး ဖြစ်သူမနာရှေ၏ဦးခေါင်းပေါ်တွင်လက် ဝဲလက်ကိုလည်းကောင်းတင်၍၊
15-16 ယောသပ်အားကောင်းချီးပေးလေသည်။``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသောဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှကယ်တင်တော်မူသောကောင်းကင်တမန်သည်ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည်သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
17 ယောသပ်သည်အဖက ဧဖရိမ်၏ဦးခေါင်း ပေါ်တွင်လက်ယာလက်တင်သည်ကိုမြင်ရ သောအခါ စိတ်မချမ်းမသာဖြစ်၏။ သူသည် ဧဖရိမ်၏ဦးခေါင်းပေါ်မှ အဖ၏လက်ကို မနာရှေ၏ဦးခေါင်းပေါ်သို့ပြောင်းရွှေ့တင် စေလိုသဖြင့်၊-