ကမ္ဘာ​ဦး 50:1-5 BCL

1 ယော​သပ်​သည်​သူ​၏​အ​ဖ​ကိုယ်​ပေါ်​သို့​လှဲ​ချ ပြီး​လျှင် ပါး​ကို​နမ်း​လျက်​ငို​ကြွေး​လေ​၏။-

2 ထို​နောက်​ဆေး​သ​မား​တို့​အား​အ​ဖ​၏ အ​လောင်း​ကို ဆေး​စိမ်​ရန်​အ​မိန့်​ပေး​လေ​သည်။-

3 ဆေး​သ​မား​တို့​သည်​ထုံး​စံ​ရှိ​သည့်​အ​တိုင်း အ​လောင်း​ကို​အ​ရက်​လေး​ဆယ်​ကြာ​အောင်​ဆေး စိမ်​ကြ​၏။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယာ​ကုပ် အ​တွက် ရက်​ပေါင်း​ခု​နစ်​ဆယ်​ကြာ​မျှ​ငို​ကြွေး မြည်​တမ်း​ကြ​ကုန်​၏။

4 ငို​ကြွေး​မြည်​တမ်း​ခြင်း​ရက်​များ ကုန်​ဆုံး​သော အ​ခါ​ယော​သပ်​က​ဖာ​ရော​ဘု​ရင်​၏​အ​မှု​ထမ်း တို့​အား၊ ဖာ​ရော​ဘု​ရင်​နား​တော်​သို့​ဤ​သို့​လျှောက် ကြ​ပါ​လော့။-

5 ``ကျွန်​တော်​၏​အ​ဖ​သေ​အံ့​ဆဲ​ဆဲ​တွင်​သူ့​အား ခါ​နာန်​ပြည်​ရှိ​သူ​ဝယ်​ထား​သော​သင်္ချိုင်း​၌ သင်္ဂြိုဟ်​ရ​မည်​ဟု ကျွန်​တော်​အား​ကတိ​သစ္စာ​ပြု စေ​ခဲ့​ပါ​သည်။ သို့​ဖြစ်​၍​အ​ဖ​၏​အ​လောင်း​ကို သင်္ဂြိုဟ်​ရန် ခါ​နာန်​ပြည်​သို့​သွား​၍​အ​လောင်း ကို​သင်္ဂြိုဟ်​ပြီး​လျှင်​အီ​ဂျစ်​ပြည်​သို့​ပြန်​လာ ပါ​မည်''ဟု​ဆို​လေ​၏။