15 ယာကုပ်အနိစ္စရောက်ပြီးနောက်ညီအစ်ကိုတို့ က``ငါတို့သည်ယောသပ်အားဒုက္ခရောက်စေခဲ့ သည့်အတွက် သူကအငြိုးထား၍လက်စားချေ မည်ကိုစိုးရိမ်ရသည်'' ဟုအချင်းချင်းပြော ဆိုကြ၏။-
16-17 ထို့ကြောင့်သူတို့သည်ယောသပ်ထံသို့တမန် ကိုစေလွှတ်၍``ကျွန်ုပ်တို့သည်ကိုယ်တော်အား ပြစ်မှားမိခဲ့သည့်အတွက်အပြစ်ကိုလွှတ် တော်မူပါ'' ဟုကိုယ်တော်အားတောင်းပန်ရန် အဖအနိစ္စမရောက်မီကမှာကြားခဲ့ပါ သည်။ ထို့ကြောင့်အဖကိုးကွယ်သည့်ဘုရားသခင်၏ကျွန်များဖြစ်ကြသောကျွန်ုပ်တို့ အားအပြစ်လွှတ်တော်မူပါ'' ဟူ၍လျှောက် စေ၏။ ယောသပ်သည်ထိုလျှောက်ထားချက် ကိုကြားရသောအခါငိုကြွေးလေ၏။
18 ထိုနောက်ယောသပ်၏ညီအစ်ကိုတို့သည်သူ့ ထံသို့ဝင်ရောက်၍ရှေ့တွင်ပျပ်ဝပ်လျက်``ကိုယ် တော်၏ကျွန်များရှေ့တော်သို့ရောက်ရှိနေ ကြပါသည်'' ဟုလျှောက်ကြ၏။
19 ထိုအခါယောသပ်ကညီအစ်ကိုတို့အား``အစ် ကိုတို့မစိုးရိမ်ကြပါနှင့်။ ဘုရားသခင်က သာလျှင်တရားစီရင်၍ဒဏ်ပေးပိုင်တော်မူ၏။ ကျွန်ုပ်မူကားထိုသို့မပြုနိုင်ပါ။-
20 အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။-
21 မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
22 အီဂျစ်ပြည်တွင်ယောသပ်သည်သူ၏သား ချင်းများနှင့်အတူနေထိုင်၍ အသက်တစ် ရာ့တစ်ဆယ်ရှိသော်ကွယ်လွန်လေသည်။-