1 ထိုအချိန်ကာလ၌ကမ္ဘာအရပ်ရပ်တွင် လူဦး ရေများပြားလာ၏။ လူတို့၌သမီးများဖွား မြင်လာကြ၏။-
2 အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
3 ထာဝရဘုရားကလည်း``လူသည်သေမျိုးဖြစ် ၏။ အမြဲအသက်ရှင်နေခွင့်ကိုငါမပေး။ ယခု မှစ၍လူ၏သက်တမ်းသည်အနှစ်တစ်ရာ့နှစ် ဆယ်ဖြစ်စေ'' ဟုမိန့်တော်မူ၏။-
4 ကမ္ဘာပေါ်တွင်ထိုကာလနှင့်နောက်ပိုင်းကာလ၌ လူတို့၏သမီးများနှင့်အထက်ဘုံသားတို့မှ ပေါက်ဖွားလာသောသူများရှိကြ၏။ ထိုသူတို့ သည်ကိုယ်ခန္ဓာအလွန်ထွားကြိုင်း၍ ရှေးခေတ် အခါကနာမည်ကျော်လူစွမ်းကောင်းများ ဖြစ်ကြ၏။
5 ကမ္ဘာအရပ်ရပ်တွင်လူတို့သည်အလွန်ဆိုး သွမ်း၍ စိတ်အကြံအစည်များလည်းအစဉ် မိုက်မဲလျက်ရှိသည်ကို ထာဝရဘုရားသိ မြင်တော်မူသောအခါ၊-
6 လူကိုဖန်ဆင်း၍မြေကြီးပေါ်တွင်နေထိုင် စေခဲ့ခြင်းကြောင့် စိတ်မသာဖြစ်တော်မူ၏။-
7 ကိုယ်တော်သည်လွန်စွာစိတ်မသာဖြစ်တော်မူ သဖြင့် ``ငါဖန်ဆင်းခဲ့သောလူတို့ကို ကမ္ဘာပေါ် မှငါသုတ်သင်ပစ်မည်။ တိရစ္ဆာန်နှင့်ငှက်တို့ကို လည်းငါသုတ်သင်ပစ်မည်။ သူတို့ကိုဖန်ဆင်း မိ၍ ငါသည်စိတ်တော်မချမ်းမသာဖြစ်ရ ၏'' ဟုမိန့်တော်မူ၏။-