ကမ္ဘာ​ဦး 6:5-12 BCL

5 ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-

6 လူ​ကို​ဖန်​ဆင်း​၍​မြေ​ကြီး​ပေါ်​တွင်​နေ​ထိုင် စေ​ခဲ့​ခြင်း​ကြောင့် စိတ်​မ​သာ​ဖြစ်​တော်​မူ​၏။-

7 ကိုယ်​တော်​သည်​လွန်​စွာ​စိတ်​မ​သာ​ဖြစ်​တော်​မူ သ​ဖြင့် ``ငါ​ဖန်​ဆင်း​ခဲ့​သော​လူ​တို့​ကို ကမ္ဘာ​ပေါ် မှ​ငါ​သုတ်​သင်​ပစ်​မည်။ တိရစ္ဆာန်​နှင့်​ငှက်​တို့​ကို လည်း​ငါ​သုတ်​သင်​ပစ်​မည်။ သူ​တို့​ကို​ဖန်​ဆင်း မိ​၍ ငါ​သည်​စိတ်​တော်​မ​ချမ်း​မ​သာ​ဖြစ်​ရ ၏'' ဟု​မိန့်​တော်​မူ​၏။-

8 နော​ဧ​သည်​ကား​ထာ​ဝ​ရ​ဘု​ရား​စိတ်​တော် နှင့်​တွေ့​သော​သူ​ဖြစ်​သ​တည်း။

9-10 နော​ဧ​အ​ကြောင်း​အ​ရာ​ကို​ဖော်​ပြ​ပေ​အံ့။ နော​ဧ​တွင်​ရှေ​မ၊ ဟာ​မ​နှင့်​ယာ​ဖက်​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ သူ​သည်​အ​ပြစ်​ကင်း​၍​ထို​ခေတ် လူ​အ​ပေါင်း​တို့​တွင် သူ​တစ်​ယောက်​တည်း​သာ လျှင်​သူ​တော်​ကောင်း​ဖြစ်​၏။ သူ​သည်​ဘု​ရား​သ​ခင်​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​၍​သက်​ရှင်​နေ ထိုင်​၏။-

11 အ​ခြား​သော​သူ​အ​ပေါင်း​တို့​သည်​ကား​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​ဆိုး​ယုတ်​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​၏​အ​ကြမ်း​ဖက်​မှု​သည်​အ​ရပ်​ရပ်​သို့ ကူး​စက်​ပျံ့​နှံ့​လျက်​ရှိ​၏။-

12 ဘု​ရား​သ​ခင်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ကြည့်​ရှု တော်​မူ​သော​အ​ခါ လူ​အ​ပေါင်း​တို့​သည်​အ​ကျင့် ပျက်​ဆိုး​ယုတ်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​တော် မူ​လေ​၏။