ကမ္ဘာ​ဦး 7:14-21 BCL

14 တိရစ္ဆာန်​အ​ယဉ်​အ​ရိုင်း၊ အ​ကြီး​အ​ငယ်​အ​မျိုး မျိုး​နှင့် ငှက်​အ​မျိုး​မျိုး​တို့​သည်​လည်း သူ​တို့ နှင့်​အ​တူ​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။-

15-16 ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သက် ရှိ​သတ္တ​ဝါ​တစ်​မျိုး​စီ​မှ​အ​ဖို​နှင့်​အ​မ​အ​စုံ တို့​သည် နော​ဧ​နှင့်​သင်္ဘော​ထဲ​သို့​ဝင်​ကြ​၏။ နော​ဧ သင်္ဘော​ထဲ​သို့​ဝင်​ပြီး​နောက်​ထာ​ဝ​ရ​ဘု​ရား​သည် တံ​ခါး​ကို​ပိတ်​တော်​မူ​၏။

17 အ​ရက်​လေး​ဆယ်​ကြာ​မျှ​ကမ္ဘာ​မြေ​ကြီး​ပေါ် တွင် ဆက်​လက်​၍​ရေ​လွှမ်း​မိုး​လာ​ရာ​သင်္ဘော​သည် မြေ​ပေါ်​မှ​ကြွ​တက်​၏။-

18 ရေ​ပို​၍​နက်​လာ​သော​အ​ခါ သင်္ဘော​သည်​ရေ​ပေါ် ၌​ပေါ်​လာ​၏။-

19 ရေ​နက်​သည်​ထက်​နက်​လာ​ပြန်​သ​ဖြင့် အ​မြင့် ဆုံး​သော​တောင်​တို့​သည်​ပင်​လျှင်​ရေ​မြုပ်​ကြ ကုန်​၏။-

20 ထို​နောက်​တောင်​ထိပ်​များ​အ​ထက်​သို့​နှစ်​ဆယ့် ငါး​ပေ​အ​ထိ​ရေ​တက်​လာ​လေ​၏။-

21 ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ​လူ၊ တိရစ္ဆာန်၊ ငှက် စ​သော​သက်​ရှိ​သတ္တဝါ​အ​ပေါင်း​တို့​သည်​သေ ကြေ​ပျက်​စီး​ကြ​ကုန်​၏။-