17-18 ဣသရေလအမျိုးသားတို့သိမ်းယူသော နယ်မြေသည်တောင်ဘက်ဧဒုံပြည်အနီး၊ ဟာလက်တောင်မှမြောက်ဘက်ဟေရမုန် တောင်၏တောင်ဘက်လေဗနုန်ချိုင့်ဝှမ်းရှိ ဗာလဂဒ်မြို့တိုင်အောင်ကျယ်ပြန့်လေသည်။ ယောရှုသည်ထိုနယ်မြေကိုအုပ်စိုးသော မင်းများနှင့်ကြာမြင့်စွာစစ်တိုက်ရသည်။ သို့ရာတွင်သူသည်ထိုမင်းအားလုံးတို့ ကိုလက်ရဖမ်းဆီးကွပ်မျက်ခဲ့လေသည်။-
19 ဣသရေလအမျိုးသားတို့သည်ဂိဗောင် မြို့တွင်နေထိုင်သော ဟိဝိအမျိုးသားတို့ နှင့်သာငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုခဲ့ သည်။ အခြားသောမြို့များကိုမူတိုက်ခိုက် သိမ်းယူခဲ့သည်။-
20 ထိုသူအပေါင်းတို့ကိုမသနားမညှာတာ ဘဲအကုန်အစင်သုတ်သင်သတ်ဖြတ်ပစ်စေ ရန် ထာဝရဘုရားသည်ထိုသူအပေါင်းတို့ အားဇွဲသန်သန်ဖြင့် ဣသရေလအမျိုးသား တို့ကိုခုခံတိုက်ခိုက်စေတော်မူ၏။ ထိုသူတို့ ကိုအကုန်အစင်သုတ်သင်ရခြင်းမှာမောရှေ အားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်းဖြစ်သတည်း။
21 ထိုကာလ၌ယောရှုသည်ဟေဗြုန်မြို့၊ ဒေဗိရ မြို့၊ အာနပ်မြို့၊ ယုဒတောင်ကုန်းဒေသ၊ ဣသ ရေလတောင်ကုန်းဒေသစသောတောင်ကုန်း ဒေသများတွင်နေထိုင်သည့် ထွားကြိုင်းသော အာနကအမျိုးသားတို့ရှိရာသို့ချီတက် လေသည်။ ယောရှုသည်အာနကအမျိုးသား များကို တစ်ယောက်မကျန်သုတ်သင်၍သူ တို့မြို့များကိုမြေလှန်ဖျက်ဆီးခဲ့လေ သည်။-
22 ထို့ကြောင့်ဣသရေလနိုင်ငံတွင်အာနက အမျိုးသားဟူ၍ တစ်ယောက်မျှအသက်ရှင် ၍မကျန်ရစ်ချေ။ သို့ရာတွင်ဂါဇမြို့၊ ဂါသ မြို့နှင့်အာဇုတ်မြို့များ၌သာလျှင်အာနက အမျိုးသားအချို့ကျန်ရှိကြသေးသည်။-
23 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည်အတိုင်း ယောရှုသည်ထိုပြည် တစ်ပြည်လုံးကိုတိုက်ခိုက်သိမ်းယူလေသည်။ သူသည်ဣသရေလအနွယ်အသီးသီး အားပိုင်ဆိုင်စေရန်ထိုပြည်ကိုခွဲဝေပေး လေသည်။ထိုနောက်တစ်ပြည်လုံးငြိမ်းချမ်းသာယာ လျက်ရှိလေသတည်း။