1 တစ်ပြည်လုံးကိုတိုက်ခိုက်အောင်မြင်ပြီး သည်နောက်ဣသရေလအမျိုးသားတို့သည် ရှိလောမြို့သို့စုဝေးရောက်ရှိလာပြီးလျှင် ထာဝရဘုရားကိန်းဝပ်တော်မူရာတဲ တော်ကိုတည်ဆောက်ကြ၏။-
2 ဣသရေလအနွယ်တို့အားနယ်မြေခွဲဝေ ၍မပေးရသေးချေ။-
3 သို့ဖြစ်၍ယောရှုကဣသရေလအမျိုး သားတို့အား``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကသင်တို့ကို ပေး တော်မူသောပြည်ကိုမသိမ်းယူဘဲအဘယ် မျှကြာအောင်စောင့်ဆိုင်းနေကြပါမည်နည်း။-
4 သင်တို့၏အနွယ်တစ်နွယ်လျှင်သုံးယောက် ကျရွေးချယ်၍ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့။ ထိုသူတို့သည်မိမိတို့အတွက် နှစ်သက်ရာ နယ်မြေကိုပိုင်းခြားသတ်မှတ်ပေးရန်သူ တို့အားတစ်ပြည်လုံးသို့ငါစေလွှတ်မည်။ သူတို့သည်ယင်းသို့နယ်မြေတို့ကိုသတ်မှတ် ပေးပြီးသောအခါ ငါ့ထံသို့ပြန်လာရ ကြမည်။-
5 ထိုပြည်ကိုခုနစ်ပိုင်းပိုင်းခြားရမည်။ ယုဒ အနွယ်ဝင်တို့သည်မိမိတို့၏တောင်ဘက်နယ် မြေ၌လည်းကောင်း၊ ယောသပ်အနွယ်ဝင်တို့ သည်မိမိတို့၏မြောက်ဘက်နယ်မြေ၌လည်း ကောင်းနေထိုင်ရကြမည်။-
6 နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
7 လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ယဇ်ပုရောဟိတ်များအဖြစ်အမှုတော် ထမ်းဆောင်ရကြမည်ဖြစ်သောကြောင့် သင် တို့ကဲ့သို့နယ်မြေဝေစုရမည်မဟုတ်။ ဂဒ် အနွယ်၊ ရုဗင်အနွယ်နှင့်အရှေ့မနာရှေ အနွယ်တို့သည် ထာဝရဘုရား၏အစေ ခံမောရှေခွဲဝေပေးခဲ့သည့်အတိုင်း ယော်ဒန် မြစ်အရှေ့ဘက်ရှိနယ်မြေကိုရရှိကြပြီ'' ဟုဆိုလေ၏။
8 ယောရှုစေခိုင်းသည့်အတိုင်းထိုသူတို့ သည်နယ်မြေကိုသတ်မှတ်ရန်ထွက်သွားကြ ၏။ ယောရှုက``သင်တို့သည်တိုင်းပြည်တစ် လျှောက်လုံးသို့သွား၍နယ်မြေများကိုပိုင်း ခြားသတ်မှတ်လော့။ ထိုနောက်ငါ့ထံသို့ပြန် လာရမည်။ ထိုအခါငါသည်ဤရှိလောမြို့ တွင်သင်တို့ရရှိမည့်နယ်မြေများကို ထာဝရဘုရား၏အလိုတော်အတိုင်း ဖြစ်စေရန်မဲချ ၍ခွဲဝေပေးမည်'' ဟုမှာကြားလိုက်၏။-
9 သို့ဖြစ်၍သူတို့သည်တိုင်းပြည်တစ်လျှောက် လုံးသို့သွားပြီးလျှင် ပါဝင်သောမြို့များ စာရင်းနှင့်တကွနယ်မြေခုနစ်ခုကိုပိုင်း ခြားရေးမှတ်၍ရှိလောမြို့စခန်းတွင်ရှိ နေသောယောရှုထံသို့ပြန်လာကြ၏။-
10 ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။
11 ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။-
12 သူတို့၏နယ်မြေမြောက်ဘက်နယ်နိမိတ်သည် ယော်ဒန်မြစ်တွင်အစပြု၍ ယေရိခေါမြို့ မြောက်ဘက်ရှိတောင်စောင်းသို့တက်ပြီးလျှင် အနောက်သို့ဗေသဝင်တောကန္တာရတိုင် အောင်တောင်ကုန်းဒေသကိုဖြတ်သန်း သွားလေသည်။-
13 တစ်ဖန်လုဇမြို့(ဗေသလမြို့ဟူ၍လည်း ခေါ်တွင်သည်) တောင်ဘက်ရှိတောင်စောင်းသို့ တက်ပြီးလျှင်အောက်ဗက်ဟောရုန်မြို့တောင် ဘက်၊ တောင်ပေါ်ရှိအတရုတ်အဒ္ဒါမြို့သို့ ရောက်သည်။-
14 ထိုနောက်နယ်နိမိတ်သည်ထိုတောင်အနောက် ဘက်မှယုဒအနွယ်ပိုင်သောကိရယတ် ဗာလမြို့(သို့မဟုတ်ကိရယယာရိမ်မြို့) အထိတောင်ဘက်သို့ဆင်းလာသည်။ ဤ သည်ကားအနောက်ဘက်နယ်နိမိတ်ဖြစ်၏။-
15 တောင်ဘက်နယ်နိမိတ်သည်ကိရယတ် ယာရိမ်မြို့စွန်မှအစပြု၍ နေဖတော စမ်းရေတွင်းများသို့ရောက်သည်။-
16 ထိုနောက်ရေဖိမ်ချိုင့်ဝှမ်းမြောက်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းအနီးတောင်ခြေသို့ရောက်သည်။ တစ် ဖန်ယေဗုသိတောင်တန်းတောင်ဘက်ရှိဟိန္နုံ ချိုင့်ဝှမ်းကိုဖြတ်၍တောင်ဘက်အင်္ရော ဂေလရွာသို့ရောက်သည်။-
17 ထိုမှတစ်ဖန်မြောက်ဘက်အင်ရှေမက်ရွာသို့ ကွေ့ပြီးလျှင် အဒုမ္မိမ်တောင်ကြားတစ်ဘက် တွင်ရှိသောဂေလိလုတ်ရွာသို့ရောက်သည်။ ထိုနောက်ဗောဟန်၏ကျောက်(ဗောဟန်သည်ရုဗင် ၏သားဖြစ်၏) သို့ဆင်းလာပြီးလျှင်၊-
18-19 ယော်ဒန်မြစ်ဝှမ်းအနီးရှိတောင်တန်းမြောက် ဘက်မှဖြတ်သွားသည်။ တစ်ဖန်ဗက်ဟောဂလ တောင်တန်းမြောက်ဘက်မှဖြတ်၍မြစ်ဝှမ်းထဲ သို့ဆင်းလာပြီးလျှင် ပင်လယ်သေမြောက်ဘက် ယော်ဒန်မြစ်ဝ၌အဆုံးသတ်သည်။ ဤသည် ကားတောင်ဘက်နယ်နိမိတ်ဖြစ်၏။-
20 ယော်ဒန်မြစ်သည်နယ်မြေ၏အရှေ့ဘက်နယ် နိမိတ်ဖြစ်သည်။ အထက်ဖော်ပြပါနယ်နိမိတ် သည်ဗင်္ယာမိန်အနွယ်ဝင်မိသားစုတို့ပိုင် သောနယ်မြေ၏နယ်နိမိတ်ဖြစ်သည်။
21 ဗင်္ယာမိန်အနွယ်မိသားစုတို့၏နယ်မြေ အတွင်းရှိမြို့များမှာ ယေရိခေါမြို့၊ ဗေသောဂလမြို့၊ ဧမက္ကေဇဇ်မြို့၊-
22 ဗေသရာဗမြို့၊ ဇေမရိမ်မြို့၊ ဗေသလမြို့၊-
23 အာဝိမ်မြို့၊ ပါရမြို့၊ သြဖရာမြို့၊-
24 ခေဖာဟာမောနဲမြို့၊ သြဖနိမြို့၊ ဂါဘမြို့ စသောမြို့ကြီးတစ်ဆယ်နှစ်မြို့နှင့်ယင်းတို့ ၏ပတ်ဝန်းကျင်ရှိမြို့များဖြစ်သည်။-
25-27 ထို့အပြင်ဂိဗောင်မြို့၊ ရာမမြို့၊ ဗေရုတ်မြို့၊- မိဇပါမြို့၊ ခေဖိရမြို့၊ မောဇမြို့၊- ရေကင် မြို့၊ ဣရပေလမြို့၊ တာရလမြို့၊-
28 ဇေလမြို့၊ ဧလပ်မြို့၊ ယေဗုသိမြို့၊(သို့မ ဟုတ်ယေရုရှလင်မြို့၊) ဂိဗတ်မြို့၊ ကိရယတ် ယာရိမ်မြို့စသောမြို့ကြီးတစ်ဆယ်လေး မြို့နှင့်ယင်းတို့၏ပတ်ဝန်းကျင်ရှိမြို့များ လည်းပါဝင်သည်။ ဤနယ်မြေသည်ဗင်္ယာမိန် အနွယ်မိသားစုတို့ပိုင်သောနယ်မြေဖြစ် သည်။