ယော​ရှု 13:1-4 BCL

1 ယော​ရှု​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ ပြီ​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု အား``သင်​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့် လာ​ပြီ။ သိမ်း​ယူ​ရ​မည့်​နယ်​မြေ​များ​စွာ ကျန်​ရှိ​နေ​သေး​သည်။-

2 ဖိ​လိတ္တိ​ပြည်​တစ်​နယ်​လုံး၊ ဂေ​ရှု​ရိ​တစ်​နယ်​လုံး၊

3 နှင့်​တောင်​ပိုင်း​ရှိ​အာ​ဝိ​အ​မျိုး​သား​တို့​ပိုင်​တစ် နယ်​လုံး​ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။ (အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​တွင်​ရှိ​သော​ရှိ​ဟော​ရ ချောင်း​မှ မြောက်​ဘက်​ဧ​ကြုန်​နယ်​နိ​မိတ်​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​သည် ခါ​နာန်​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​နယ်​မြေ​ဖြစ်​၏။ ဖိ​လိတ္တိ မင်း​တို့​သည်​ဂါ​ဇ​မြို့၊ အာ​ဇုတ်​မြို့၊ ဧ​ရှ က​လုန်​မြို့၊ ဂဒ်​မြို့​နှင့်​ဧ​ကြုန်​မြို့​များ​တွင် စိုး​စံ​သည်။-)

4 ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊-