14 မြောက်ဘက်နယ်နိမိတ်သည်ဟန္နသုန်မြို့ဘက် သို့လှည့်၍ ယိဖသေလချိုင့်ဝှမ်း၌အဆုံး သတ်သည်။-
15 ထိုနယ်မြေတွင်ကတ္တတ်မြို့၊ နဟာလာလမြို့၊ ရှိမရုန်မြို့၊ ဣဒလမြို့၊ ဗက်လင်မြို့စသော မြို့ကြီးတစ်ဆယ့်နှစ်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-
16 ဤမြို့ကြီးများနှင့်ပတ်ဝန်းကျင်ရှိမြို့ များသည်ဇာဗုလုန်အနွယ်မိသားစုတို့ ပိုင်သောနယ်မြေအတွင်း၌တည်ရှိလေ သည်။
17 စတုတ္ထအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဣသခါအနွယ် မိသားစုတို့နယ်မြေရရှိကြ၏။-
18 ထိုနယ်မြေတွင်ယေဇရေလမြို့၊ ခေသု လုတ်မြို့၊ ရှုနင်မြို့၊-
19-21 ဟာဖရိမ်မြို့၊ ရှိဟုန်မြို့၊ အာနဟာရတ်မြို့၊- ရဗ္ဗိတ်မြို့၊ကိရှုန်မြို့၊ အာဗက်မြို့၊- ရေမက်မြို့၊ အင်္ဂန္နိမ်မြို့၊ အင်္ဟဒ္ဒါမြို့၊ ဗက်ပဇ္ဇက်မြို့များပါဝင် သည်။-
22 နယ်နိမိတ်သည်တာဗော်မြို့၊ ရှာဟဇိမမြို့၊ ဗက်ရှေမက်မြို့များကိုဖြတ်၍ယော်ဒန်မြစ် တွင်အဆုံးသတ်သည်။ ဤနယ်မြေတွင်မြို့ ကြီးတစ်ဆယ့်ခြောက်မြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များပါဝင်သည်။-