48 ဤမြို့များနှင့်ပတ်ဝန်းကျင်ရှိမြို့များသည် ဒန်အနွယ်ဝင်မိသားစုတို့ပိုင်သောနယ်မြေ အတွင်း၌တည်ရှိလေသည်။
49 ဣသရေလအမျိုးသားတို့သည်တိုင်းပြည် တစ်ပြည်လုံးကိုခွဲဝေပြီးသောအခါ နုန် ၏သားယောရှုအတွက်မြေယာတစ်ခုကို သတ်မှတ်ပေးကြသည်။-
50 ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယောရှုတောင်းဆိုသောဧဖရိမ်တောင်ကုန်း ဒေသရှိတိမနဿေရမြို့ကိုသူ့အား ပေးကြသည်။ သူသည်မြို့ကိုပြန်လည်တည် ဆောက်ကာထိုမြို့တွင်နေထိုင်လေသည်။
51 ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။