7 ထို့အပြင်အင်မြို့၊ ရိမ္မုန်မြို့၊ ဧသာမြို့၊ အာရှန် မြို့စသောမြို့ကြီးလေးမြို့နှင့်ယင်းတို့၏ ပတ်ဝန်းကျင်ရှိမြို့များလည်းပါဝင်သည်။-
8 ထိုမြို့ကြီးများ၏ပတ်ဝန်းကျင်ရှိမြို့များ မှာတောင်ဘက်ဗာလတ်ဗေရမြို့(ရာမတ်မြို့) အထိတည်ရှိသောမြို့အားလုံးပါဝင်လေ သည်။ ဤနယ်မြေသည်ရှိမောင်အနွယ်မိသား စုတို့ပိုင်သောနယ်မြေဖြစ်သည်။-
9 ယုဒအနွယ်အတွက်ဝေစုသည်လိုအပ် သည်ထက်ပို၍ကျယ်ဝန်းသောကြောင့် ရှိမောင် အနွယ်အားထိုနယ်မြေမှခွဲဝေပေးခြင်း ဖြစ်သည်။
10 တတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါဇာဗုလုန်အနွယ်မိသား စုတို့နယ်မြေကိုရရှိကြ၏။ သူတို့ရရှိ သောနယ်မြေသည်စာရိဒ်မြို့အထိကျယ် ပြန့်သည်။-
11 နယ်နိမိတ်သည်ထိုမြို့မှဒဗ္ဗရှက်မြို့နှင့်ယော ကနံမြို့အရှေ့ဘက်ရှိချောင်းကိုဖြတ်၍ အနောက်ဘက်ရှိမရာလမြို့အထိ ရောက်သည်။-
12 နယ်နိမိတ်သည်စာရိဒ်မြို့မှအရှေ့ဘက် ခိသလုတ္တာဗော်မြို့နယ်စပ်အထိသွား၏။ ထိုမှဒါဗရတ်မြို့သို့ရောက်ပြီးလျှင် ယာဖျာမြို့သို့တက်သွား၏။-
13 ထိုမှအရှေ့ဘက်ဂိတ္တဟေဖာမြို့နှင့်အိတ္တ ကာဇိန်မြို့သို့ရောက်၍ ရိမ္မုန်မြို့သို့သွား ရာလမ်းရှိနေအာမြို့သို့လှည့်သွား၏။-