3 ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း မိမိတို့ရရှိသောနယ်မြေထဲမှမြို့များ နှင့်စားကျက်များကိုလေဝိအနွယ်ဝင်တို့ အားခွဲဝေသတ်မှတ်ပေးကြလေသည်။
4 လေဝိအနွယ်ဝင်ကောဟတ်သားချင်းစုတို့ အတွက် မြို့များကိုဦးစွာခွဲဝေသတ်မှတ် ပေးကြသည်။ ထိုသို့ခွဲဝေပေးရာ၌ယဇ် ပုရောဟိတ်အာရုန်မှဆင်းသက်သောလေဝိ အနွယ်ဝင်တို့အတွက် မြို့တစ်ဆယ့်သုံးမြို့ ကိုယုဒနယ်မြေ၊ ရှိမောင်နယ်မြေ၊ ဗင်္ယာမိန် နယ်မြေထဲမှသတ်မှတ်ပေးကြသည်။-
5 ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။
6 ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7 မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
9-10 လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-