6 ဂေရရှုံသားချင်းစုတို့အတွက်မြို့တစ်ဆယ့် သုံးမြို့ကိုဣသခါနယ်မြေ၊ အာရှာနယ်မြေ၊ နဿလိနယ်မြေ၊ အရှေ့မနာရှေနယ်မြေထဲ မှသတ်မှတ်ပေးကြသည်။
7 မေရာရိသားချင်းစုတို့အတွက်မြို့တစ်ဆယ့် နှစ်မြို့ကိုရုဗင်နယ်မြေ၊ ဂဒ်နယ်မြေ၊ ဇာဗုလုန် နယ်မြေထဲမှသတ်မှတ်ပေးကြလေသည်။
8 ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
9-10 လေဝိအနွယ်ဝင်ကောဟတ်၏သားချင်းစု ဖြစ်သည့်အာရုန်သားမြေးတို့အတွက်ဦးစွာ မဲကျသဖြင့် ယုဒနှင့်ရှိမောင်တို့နယ်မြေထဲမှ မြို့များကိုသတ်မှတ်ပေးကြ၏။-
11 ယုဒနယ်မြေတောင်ကုန်းဒေသရှိယခုအခါ ဟေဗြုန်မြို့ဟုနာမည်တွင်သောအာဘမြို့(အာဘ သည်အာနက၏အဖဖြစ်၏) နှင့်တကွပတ်ဝန်း ကျင်ရှိစားကျက်များကိုသူတို့အားပေးကြ၏။-
12 သို့ရာတွင်မြို့ပတ်ဝန်းကျင်ရှိလယ်ကွင်းများ နှင့် ကျေးရွာများကိုယေဖုန္နာ၏သားကာလက် အားအပိုင်ပေးခဲ့ပြီးဖြစ်သည်။-
13 အာရုန်၏သားမြေးတို့အားသတ်မှတ်ပေး သောမြို့များမှာဟေဗြုန်မြို့(ခိုလှုံရာမြို့တစ်မြို့) အပြင်လိဗနမြို့၊-