ယော​ရှု 24:3-9 BCL

3 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​ကို ဥ​ဖ​ရတ်​မြစ်​တစ်​ဘက်​ရှိ​ဒေ​သ​မှ​ခေါ်​ဆောင် ပြီး​လျှင် ခါ​နာန်​ပြည်​အ​ရပ်​ရပ်​သို့​ပို့​ဆောင်​၍ သူ​၏​အ​ဆက်​အ​နွယ်​ကို​များ​ပြား​စေ​ခဲ့ သည်။ သူ​၌​သား​ဣ​ဇာက်​ထွန်း​ကား​စေ​၏။-

4 ဣ​ဇာက်​၌​သား​များ​ဖြစ်​ကြ​သော​ယာ​ကုပ်​နှင့် ဧ​သော​တို့​ကို​ထွန်း​ကား​စေ​၏။ ငါ​သည်​ဧ​သော အား​ဧ​ဒုံ​တောင်​ကုန်း​ဒေ​သ​ကို​အ​ပိုင်​ပေး​၏။ ယာ​ကုပ်​နှင့်​သူ​၏​သား​တို့​မူ​ကား​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​နေ​ထိုင်​ခဲ့​ကြ​သည်။-

5 ထို​နောက်​ငါ​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို စေ​လွှတ်​၍ အီ​ဂျစ်​ပြည်​တွင်​ဘေး​ဆိုး​များ ဆိုက်​ရောက်​စေ​ပြီး​နောက်​သင်​တို့​ကို​ထုတ် ဆောင်​ခဲ့​၏။-

6 ငါ​သည်​သင်​တို့​၏​ဘိုး​ဘေး​များ​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​အ​ခါ အီ​ဂျစ်​အ​မျိုး သား​တို့​သည်​သူ​တို့​နောက်​သို့​ရထား​တပ်၊ မြင်း တပ်​များ​နှင့်​လိုက်​၍​တိုက်​ခိုက်​ကြ​သည်။ သူ​တို့ သည်​ပင်​လယ်​နီ​သို့​ရောက်​ရှိ​လာ​သော​အ​ခါ၊-

7 ငါ့​ထံ​သို့​အော်​ဟစ်​၍​အ​ကူ​အ​ညီ​တောင်း​ခံ ကြ​သည်။ ထို​အ​ခါ​ငါ​သည်​သူ​တို့​နှင့်​အီ​ဂျစ် တပ်​သား​များ​အ​ကြား​တွင်​အ​မှောင်​ထု​ကို ကျ​စေ​၏။ ရန်​သူ​များ​အ​ပေါ်​သို့​ပင်​လယ်​ရေ လွှမ်း​စေ​သ​ဖြင့် သူ​တို့​သည်​ရေ​နစ်​သေ​ဆုံး ကြ​ကုန်​၏။ ငါ​သည်​အီ​ဂျစ်​ပြည်​အား​မည်​ကဲ့ သို့​ဆုံး​မ​ခဲ့​သည်​ကို​သင်​တို့​သိ​ကြ​၏။```သင်​တို့​သည်​တော​ကန္တာရ​တွင်​ကြာ​မြင့်​စွာ​နေ ထိုင်​ခဲ့​ရ​ကြ​၏။-

8 ထို​နောက်​ငါ​သည်​သင်​တို့​ကို​အာ​မော​ရိ​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​သို့ ပို့​ဆောင်​ခဲ့​သည်။ သူ​တို့​သည်​သင်​တို့​ကို​တိုက်​ခိုက် ကြ​သော်​လည်း​ငါ​သည်​သင်​တို့​အား​အနိုင်​ရ​စေ​၏။ သင်​တို့​သည်​သူ​တို့​၏​ပြည်​ကို​ချီ​တက်​သိမ်း​ပိုက် သော​အ​ခါ​ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ပယ်​ရှင်း ခဲ့​၏။-

9 ထို​နောက်​ဇိ​ဖော်​၏​သား​မော​ဘ​ပြည်​ဘု​ရင် ဗာ​လက်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​လေ​သည်။ သူ​သည်​သင်​တို့​ကို​ကျိန်​ဆဲ ရန်​ဗော​ရ​၏​သား​ဗာ​လမ်​ကို​ခေါ်​စေ​သည်။-