ယော​ရှု 5:2-10 BCL

2 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``ကျောက် စောင်း​ဋ္ဌား​များ​ကို​ပြု​လုပ်​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း မင်္ဂလာ​ကို​စီ​ရင်​ပေး​လော့''ဟု​မိန့်​တော်​မူ​၏။-

3 သို့​ဖြစ်​၍​ယော​ရှု​သည်``အ​ရေ​ဖျား​လှီး​ခြင်း တောင်​ကုန်း'' ဟု​နာ​မည်​တွင်​သည့်​အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂ​လာ​ကို​စီ​ရင်​ပေး​လေ​၏။-

4-6 အီ​ဂျစ်​ပြည်​မှ​ထွက်​လာ​သော​ယောကျာ်း​အား လုံး​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို ခံ​ပြီး​ဖြစ်​သည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် နှစ်​ပေါင်း​လေး​ဆယ်​ကြာ သော​တော​ကန္တာ​ရ​ခ​ရီး​တွင်​မည်​သည့်​ယောကျာ်း က​လေး​မျှ​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို မ​ခံ​ခဲ့​ရ​ချေ။ ထို​အ​နှစ်​လေး​ဆယ်​ကာ​လ ကုန်​ဆုံး​သော​အ​ခါ​၌​အီ​ဂျစ်​ပြည်​မှ​ထွက် လာ​သော​စစ်​မှု​ထမ်း​အ​ရွယ်​ရောက်​သူ​ယောကျာ်း အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ကို​မ​လိုက်​နာ​သ​ဖြင့်​သေ​ဆုံး​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘိုး​ဘေး​တို့​အား​ပေး မည်​ဟု​က​တိ​ထား​တော်​မူ​သော​မြေ​သြ​ဇာ ထက်​သန်​၍ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​သည့် ပြည်​ကို ထို​သူ​တို့​မ​မြင်​ရ​ဟု​ကျိန်​ဆို​တော် မူ​သည်​နှင့်​အ​ညီ​မြင်​ခွင့်​ကို​မ​ရ​ကြ​ချေ။-

7 သူ​တို့​၏​သား​များ​သည်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂ​လာ​ကို​မ​ခံ​ခဲ့​ရ​သ​ဖြင့် ယော​ရှု သည်​ထို​သား​များ​အ​တွက်​အ​ရေ​ဖျား​လှီး ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပေး​ခြင်း​ဖြစ်​သည်။

8 အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​စီ​ရင်​ပြီး​နောက် ဣ​သ​ရေ​လ​အမျိုးသား​အ​ပေါင်း​တို့​သည်​အ​နာ ကျက်​သည့်​တိုင်​အောင်​စ​ခန်း​ထဲ​တွင်​နေ​ထိုင် ကြ​လေ​သည်။-

9 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``အီ​ဂျစ် ပြည်​တွင်​သင်​တို့​ကျွန်​ခံ​ရ​သော​အ​ရှက်​ကို​ငါ သည်​ယ​နေ့​ဖယ်​ရှား​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ထို့ ကြောင့်​ထို​အရပ်​သည်​ယ​နေ့​တိုင်​အောင်​ဂိ​လ ဂါ​လ ဟု​နာ​မည်​တွင်​လေ​သည်။

10 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယေ​ရိ​ခေါ မြို့​အ​နီး​လွင်​ပြင်​၌​ရှိ​သော​ဂိ​လ​ဂါ​လ အ​ရပ်​တွင် စ​ခန်း​ချ​နေ​စဉ်​ပ​ထ​မ​လ​တစ် ဆယ့်​လေး​ရက်​နေ့​ည​၌​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​ကြ​သည်။-