18 ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ``အချင်းအမျိုးသမီးတို့သင်တို့သည်အ မင်္ဂလာရှိကြပါသည်တကား။ အခြားလူ တို့ကိုထောင်ချောက်ကဲ့သို့ချုပ်ကိုင်နိုင်သော တန်ခိုးကိုရရှိကြစေရန် လူတိုင်းအားသင် တို့သည်မှော်အတတ်စီရင်ထားသည့်လက် ပတ်များနှင့် ခေါင်းစည်းပုဝါများကိုချုပ် လုပ်တပ်ဆင်ပေးကြ၏။ သင်တို့သည်မိမိ တို့ကိုယ်ကျိုးအတွက် ငါ၏လူစုတော် အပေါ်သေမှုရှင်မှုတန်ခိုးကိုရလို ကြ၏။-
19 မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
20 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငှက်ကိုဖမ်းသကဲ့သို့၊ လူတို့အား ထောင်ချောက်ကဲ့သို့ထိန်းချုပ်ရန် သင်အသုံး ပြုသည့်လက်ပတ်များကိုငါမုန်း၏။ သင် ၏လက်မှလက်ပတ်များကိုဆွဲဖြတ်ကာ ငှက်များကဲ့သို့ထိန်းချုပ်ခံထားရသူ တို့အားသင်၏လက်မှငါလွတ်မြောက် စေမည်။-
21 သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
22 ``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
23 သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။