20 ဒေဒန်မြို့သားတို့သည်သင်၏ကုန်စည် များကိုမြင်းကုန်းနှီးအခင်းများနှင့် လဲလှယ်ကြ၏။-
21 အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-
22 ရှေဘနှင့်ရာဂမမြို့များမှကုန်သည်တို့ သည်သင်၏ကုန်စည်များကိုအကောင်းဆုံး အမွှေးအကြိုင်များ၊ ကျောက်မျက်ရတနာ များနှင့်ရွှေတို့ဖြင့်ဝယ်ယူကြ၏။-
23 ခါရန်မြို့၊ ကန္နေမြို့၊ ဧဒင်မြို့တို့သည်လည်း ကောင်း၊ ရှေဘမြို့၊ အာရှုရိမြို့နှင့်ခိလမဒ် မြို့များမှကုန်သည်တို့သည်လည်းကောင်း သင်နှင့်ကုန်သွယ်မှုကိုပြုကြ၏။-
24 သူတို့ကလှပသောအဝတ်တန်ဆာ၊ မရမ်း စေ့ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ အရောင် တောက်ပသောကော်ဇောနှင့်ခိုင်ခံ့အောင်ကျစ် ထားသောကြိုးအမျိုးမျိုးတို့ကိုရောင်းချ ကြ၏။-
25 သင်၏ထံမှကုန်စည်များကိုအကြီးမား ဆုံးကုန်သင်္ဘောကြီးများဖြင့်သယ်ဆောင် သွားကြ၏။``သင်သည်လေးလံသောကုန်စည်များကိုတင်ဆောင်ကာပင်လယ်ထဲသို့ရောက်နေသော သင်္ဘောနှင့်တူ၏။
26 သင့်အားလှော်ခတ်သူတို့သည်ပင်လယ်ထဲသို့ ထုတ်ဆောင်လာသောအခါ၊အရှေ့လေသည်ပင်လယ်ထဲ၌သင့်ကို ပျက်စီးသွားစေ၏။