1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
2 ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-
3 မိမိကိုယ်ကိုဒံယေလထက်ပင်ပညာရှိ သည်ဟူ၍ မိမိထံမှအဘယ်အရာမျှ လျှို့ဝှက်မထားနိုင်ဟူ၍ထင်မှတ်၏။-
4 သင်သည်အသိပညာ၊ အတတ်ပညာဖြင့် ရွှေ၊ ငွေဘဏ္ဍာပေါများကြွယ်ဝလာ၏။-
5 ကုန်သွယ်မှုတွင်လည်းကျွမ်းကျင်သည့် အတွက်အမြတ်အစွန်းများကိုဆက်ကာ ဆက်ကာရရှိနေခဲ့၏။ သင်သည်မိမိ၏ စည်းစိမ်ချမ်းသာကိုဂုဏ်ယူဝါကြွားပါ သည်တကား။''
6 ``သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား သင်သည်မိမိကိုယ်ကို ဘုရားကဲ့သို့ပညာရှိသည်ဟုထင်မှတ် သဖြင့်၊-