2 ကိုယ်တော်က``အချင်းလူသား၊ အီဂျစ်ဘုရင် ကိုရှုတ်ချလော့။ သူနှင့်တကွအီဂျစ်တစ် ပြည်လုံးအပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်း ဆင့်ဆိုလော့။-
3 အရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူသည်ကို အီဂျစ်ဘုရင်ဖာရောမင်းအား ဆင့်ဆိုရမည်မှာ မြစ်ထဲရှိခွန်အားကြီးမား သောအချင်းမိကျောင်း၊ ငါသည်သင်၏ရန်သူ ဖြစ်၏။ နိုင်းမြစ်ကိုသင်ပိုင်သည်၊ ထိုမြစ်ကား သင်ဖန်ဆင်းထားသောအရာဖြစ်သည်ဟု သင်ဆို၏။-
4 ငါသည်သင်၏မေးရိုးကိုသံချိတ်ဖြင့်ချိတ် ၍ သင်၏မြစ်ထဲမှငါးတို့ကိုသင့်ကိုယ်တွင် ကပ်၍နေစေမည်။-
5 ထိုနောက်ယင်းသို့ကပ်နေသည့်ငါးများနှင့် တကွ သင့်အားနိုင်းမြစ်ထဲမှဆွဲထုတ်ကာ၊ တောကန္တာရ၌ပစ်ထားမည်။ သင်၏အလောင်း သည်မြေပေါ်သို့ကျလိမ့်မည်။ သင်္ဂြိုဟ်ခြင်း ကိုခံရမည်မဟုတ်။ ငှက်များ၊ တိရစ္ဆာန် များ၏အစာဖြစ်စေမည်။-
6 ထိုအခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း အီဂျစ်ပြည်သားအပေါင်း တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အတွက် သင်သည်ကူရိုးမျှသာဖြစ်၏။-
7 သူတို့သည်သင်၏အပေါ်သို့အားပြုလိုက် သောအခါ သင်သည်ကျိုးပြတ်၍သူတို့၏ ပခုံးများကိုထိရှကာသူတို့၏ခါးများ ကိုလိမ်ဆွဲစေ၏။-
8 သို့ဖြစ်၍ယခုငါအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည်ဋ္ဌားလက်နက်စွဲ ကိုင်သူတို့အားသင့်ကိုတိုက်ခိုက်ရန်စေလွှတ် မည်။ သူတို့သည်သင်၏လူများ၊ တိရစ္ဆာန်များ ကိုသတ်ဖြတ်ကြလိမ့်မည်။-