9 အီဂျစ်ပြည်သည်လူသူဆိတ်ငြိမ်ရာအရပ် ဖြစ်လိမ့်မည်။ ထိုအခါငါသည်ဘုရားသခင် ဖြစ်တော်မူသည်ကိုသင်တို့သိရှိရလိမ့် မည်။''``နိုင်းမြစ်သည်သင်၏ကိုယ်ပိုင်ပစ္စည်း၊ သင်ဖန် ဆင်းသောအရာဖြစ်သည်ဟုဆိုသဖြင့်၊-
10 ငါသည်သင်၏ရန်သူ၊ နိုင်းမြစ်၏ရန်သူ ဖြစ်၏။ မြောက်ဘက်ရှိမိဂဒေါလမြို့မှသည် တောင်ဘက်သုဏေမြို့တိုင်အောင်၊ ဆူဒန်နယ် စပ်အထိအီဂျစ်ပြည်တစ်ပြည်လုံးကို လူသူဆိတ်ငြိမ်ရာအရပ်ဖြစ်စေမည်။-
11 မည်သည့်လူနှင့်တိရစ္ဆာန်မျှထိုပြည်ကို ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။ အနှစ် လေးဆယ်တိုင်တိုင်ထိုပြည်တွင်နေသူရှိ လိမ့်မည်မဟုတ်။-
12 ငါသည်အီဂျစ်ပြည်ကိုကမ္ဘာပေါ်တွင်လူသူ အဆိတ်ငြိမ်ဆုံးအရပ်ဖြစ်စေမည်။ အနှစ် လေးဆယ်တိုင်တိုင်အီဂျစ်ပြည်မှမြို့များ သည်အခြားအဘယ်မြို့နှင့်မျှမတူအောင် ပျက်စီးယိုယွင်း၍နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့အားဒုက္ခသည်များ ဖြစ်စေမည်။ သူတို့သည်အတိုင်းတိုင်း အပြည်ပြည်သို့ထွက်ပြေးကာလူမျိုး ခြားတို့ထံတွင်နေထိုင်ရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
13 အရှင်ထာဝရဘုရားက``အနှစ်လေးဆယ် ကြာသောအခါ အီဂျစ်ပြည်သားတို့အား ငါပျံ့နှံ့စေရာအရပ်များမှပြန်လည် ခေါ်ဆောင်ကာ၊-
14 သူတို့၏မူရင်းဌာနေဖြစ်သောအီဂျစ် ပြည်တောင်ပိုင်းတွင်နေထိုင်စေမည်။ သူတို့ ၏နိုင်ငံသည်သိမ်ငယ်သောနိုင်ငံဖြစ်လိမ့် မည်။-
15 နိုင်ငံတကာတွင်အသိမ်ငယ်ဆုံးဖြစ်၍ အခြားနိုင်ငံများကို အဘယ်အခါ၌မျှ အုပ်စိုးရလိမ့်မည်မဟုတ်။ ငါသည်သူတို့ အားအလွန်သိမ်ဖျင်းစေမည်ဖြစ်၍ သူတို့ သည်အဘယ်လူမျိုးအပေါ်တွင်မျှသြ ဇာအာဏာလွှမ်းမိုးနိုင်ကြလိမ့်မည်မ ဟုတ်။-