1 ကိုယ်တော်က``အချင်းလူသား၊ ဤစာလိပ်ကို စားလော့။ ထိုနောက်ဣသရေလအမျိုးသား တို့ထံသို့သွား၍ဟောပြောလော့'' ဟုမိန့် တော်မူ၏။
2 သို့ဖြစ်၍ငါသည်ခံတွင်းကိုဟလိုက်ရာ ကိုယ်တော်သည် ငါစားရန်အတွက်စာလိပ် ကိုပေးတော်မူ၏။-
3 ကိုယ်တော်က``အချင်းလူသားသင့်အား ငါပေးသည့်စာလိပ်ကိုဝမ်းပြည့်အောင်စား လော့'' ဟုမိန့်တော်မူသဖြင့်ငါသည်စား လိုက်သောအခါထိုစာလိပ်သည်ပျားရည် ကဲ့သို့ချို၏။
4 ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-