5 ငါသည်သင့်အားမရေရာသောစကားနှင့် ခက်ခဲသောဘာသာခြားစကားကိုပြောဆို သူတို့ထံသို့စေလွှတ်သည်မဟုတ်။ ဣသရေလ အမျိုးသားတို့ထံသို့စေလွှတ်၏။-
6 မရေရာသောစကားနှင့်သင်နားလည်ရန် ခက်ခဲသောဘာသာခြားစကားများကို ပြောဆိုသူလူမျိုးများထံသို့သင့်အားငါ စေလွှတ်ခြင်းမဟုတ်။ အကယ်၍စေလွှတ်ပါမူ ထိုသူတို့သည်သင်၏စကားကိုနားထောင် ကြလိမ့်မည်။-
7 သို့သော်အဘယ်ဣသရေလအမျိုးသားမျှ သင့်စကားကိုနားထောင်ကြလိမ့်မည်မဟုတ်။ သူတို့သည်ငါ၏စကားကိုပင်နားထောင် ကြလိမ့်မည်မဟုတ်။ သူတို့အားလုံးပင် ခေါင်းမာ၍အာခံတတ်သူများဖြစ်ကြ၏။-
8 ယခုငါသည်သင့်အားထိုသူတို့ကဲ့သို့ ခေါင်းမာ၍ ခိုင်ခံ့မာကြောစေမည်။-
9 ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
10 ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
11 ထိုနောက်ပြည်နှင်ဒဏ်သင့်သူသင်၏အမျိုး သားများထံသို့သွားလော့။ သူတို့သင်၏ စကားကိုဂရုစိုက်သည်ဖြစ်စေ၊ မစိုက် သည်ဖြစ်စေ၊ ငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုပြော ကြားလော့'' ဟုမိန့်တော်မူ၏။