ယေ​ဇ​ကျေ​လ 39:16-22 BCL

16 (ထို​ချိုင့်​ဝှမ်း​အ​နီး​တွင်​တပ်​မ​တော်​နာ​မည် ကို​ယူ​၍​မှည့်​ခေါ်​ထား​သည့်​မြို့​ရှိ​သ​တည်း။) သို့​ဖြစ်​၍​ပြည်​ရွာ​ပြန်​လည်​စင်​ကြယ်​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

17 အ​ရှင်​ထာ​ဝရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ပတ်​ဝန်း​ကျင်​အ​ရပ်​ရပ်​မှ​ငှက်​များ နှင့်​တိ​ရစ္ဆာန်​များ​အား သူ​တို့​အ​တွက်​ငါ​ပြင် ဆင်​ပေး​မည့်​ယဇ်​ပူ​ဇော်​ပွဲ​သို့​လာ​၍​စား သောက်​ကြ​ရန်​ခေါ်​ဖိတ်​လော့။ ဣ​သ​ရေ​လ တောင်​ပေါ်​မှ​ကြီး​မြတ်​သော​ယဇ်​ပူ​ဇော်​ပွဲ ကြီး​ဖြစ်​၏။-

18 ထို​ပွဲ​သည်​ကြီး​ကျယ်​သော​စား​သောက်​ပွဲ ဖြစ်​၍​သူ​တို့​သည် စစ်​သူ​ရဲ​တို့​၏​အ​သား ကို​စား​၍​ပြည်​ရှင်​မင်း​တို့​၏​သွေး​ကို​သောက် ရ​ကြ​လိမ့်​မည်။ ထို​စစ်​သူ​ရဲ​များ​နှင့်​ပြည် ရှင်​မင်း​တို့​သည်​ဘာ​ရှန်​ပြည်​မှ​ဆူ​ဖြိုး​သော တိ​ရစ္ဆာန်​များ​ဖြစ်​သည့် သိုး​ထီး၊ သိုး​ငယ်၊ ဆိတ် များ၊ နွား​များ​ကဲ့​သို့​အ​သတ်​ခံ​ရ​ကြ လိမ့်​မည်။-

19 ထို​သူ​တို့​သည်​ယင်း​သို့​ယဇ်​ကောင်​များ သ​ဖွယ်​အ​သတ်​ခံ​ရ​ကြ​သော​အ​ခါ ငှက် နှင့်​တိ​ရစ္ဆာန်​များ​သည်​အ​ဆီ​ကို​ဝ​စွာ​စား ၍​သွေး​ကို​မူး​ယစ်​သည့်​တိုင်​အောင်​သောက် ရ​ကြ​လိမ့်​မည်။-

20 ငါ​ပြင်​ဆင်​သော​စား​ပွဲ​တွင်​သူ​တို့​သည် မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​များ၊ တပ်​မ တော်​သား​များ​နှင့်​စစ်​ပွဲ​ဝင်​သူ​တို့​၏​အ သား​ကို​စား​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​တော်​မူ သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

21 ထာ​ဝ​ရ​ဘု​ရား​က``လူ​မျိုး​တ​ကာ​တို့​သည် ငါ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​မြင်​ရ​ကြ​လိမ့် မည်။ ငါ​၏​တ​ရား​မျှ​တ​သော​စီ​ရင်​ချက်​များ ကို​အ​ကောင်​အ​ထည်​ဖော်​ရာ​တွင် ငါ​သည် မိ​မိ​၏​တန်​ခိုး​တော်​ကို​အ​ဘယ်​သို့​အ​သုံး ပြု​တော်​မူ​ကြောင်း​သူ​တို့​အား​ပြ​မည်။-

22 ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကား​ငါ​ပင်​ဖြစ်​သည်​ကို​သိ​ရှိ​ကြ လိမ့်​မည်။-