1 ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
2 ထိုနောက်ထိုမြို့အားရန်သူဝိုင်းရံထားပုံကို သရုပ်ဆောင်ရန် မြောင်း၊ မြေကတုတ်များ၊ စစ် စခန်းများနှင့်ခံတပ်ဖြိုသည့်တုံးမောင်း များကိုမြို့ပတ်လည်၌နေရာချထားလော့။-
3 သံပြားတစ်ချပ်ကိုလည်းယူ၍မြို့နှင့်သင် ၏စပ်ကြားတွင်တံတိုင်းသဖွယ်ထောင်၍ ထားလော့။ သင်သည်မြို့ဘက်သို့မျက်နှာမူ လော့။ မြို့သည်ဝိုင်းရံခြင်းကိုခံလျက်ရှိ၏။ သင်သည်မြို့ကိုဝိုင်းရံသူဖြစ်၏။ ဤသည် ကားဣသရေလအမျိုးသားတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်။
4 ``သင်သည်လက်ဝဲဘက်သို့စောင်း၍အိပ်လော့။