ယေ​ဇ​ကျေ​လ 40:25-32 BCL

25 ဤ​မုခ်​ပေါက်​မှ​အ​ခန်း​များ​တွင် အ​ခြား​မုခ်​ပေါက်​များ​မှ​အ​ဆောင်​များ​မှာ​ကဲ့​သို့​ပင်​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ မုခ်​ပေါက်-သည်​စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

26 ယင်း​ကို​လှေ​ကား​ခု​နစ်​ထစ်​ဖြင့်​တက်​ရ​၏။ ထို​မုခ်​ပေါက်​၏​အ​ဝင်​ခန်း​သည်​လည်း​အ​ပြင်​ဝင်း​ကို​မျက်​နှာ​မူ​၍​နေ​၏။ လမ်း​ကြား​ကို​မျက်​နှာ​မူ​လျက်​ရှိ​သည့်​အ​တွင်း​နံ​ရံ​များ​တွင် စွန်​ပ​လွံ​ပင်​ပုံ​များ​ကို​ထွင်း​ထား​၏။-

27 ဤ​အ​ရပ်​၌​လည်း​တံ​တိုင်း​အ​တွင်း​ဝင်း​သို့​ဝင်​ရာ​မုခ်​ပေါက်​တစ်​ခု​ရှိ​၏။ ထို​သူ​သည်​ဤ​မုခ်​ပေါက်​နှင့်​ပ​ထ​မ​မုခ်​ပေါက်​အ​ကွာ​အ​ဝေး​ကို​တိုင်း​တာ​ကြည့်​ရာ ပေ​တစ်​ရာ​ခု​နစ်​ဆယ်​ရှိ​သည်​ကို​တွေ့​ရ​၏။

28 ထို​သူ​သည်​တောင်​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-

29-30 ထို​မုခ်​ပေါက်​ရှိ​အ​စောင့်​တပ်​သား​တို့​၏​အ​ခန်း​များ၊ အ​ဝင်​ခန်း​နှင့်​အ​တွင်း​နံ​ရံ​များ​သည်​အ​ခြား​မုခ်​ပေါက်​များ​မှာ​ကဲ့​သို့​ပင်​ဖြစ်​၏။ ဤ​မုခ်​ပေါက်​ရှိ​အ​ခန်း​များ​၌​လည်း​ပြူ​တင်း​ပေါက်​များ​ရှိ​၏။ စု​စု​ပေါင်း​အ​လျား​ရှစ်​ဆယ့်​ငါး​ပေ၊ အ​နံ​လေး​ဆယ့်​နှစ်​ပေ​ရှိ​၏။-

31 ယင်း​တွင်​တံ​တိုင်း​အ​ပြင်​ဝင်း​သို့​မျက်​နှာ​မူ​နေ​သော​အ​ဝင်​ခန်း​ရှိ​၏။ မုခ်​ပေါက်​လမ်း​ကြား​တစ်​လျှောက်​ရှိ​နံ​ရံ​များ​တွင်​စွန်​ပ​လွံ​ပင်​ပုံ​များ​ထွင်း​ထား​၏။ ဤ​မုခ်​ပေါက်​သို့​လှေ​ကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏။

32 ထို​လူ​သည်​အ​ရှေ့​မုခ်​ပေါက်​ကို​ဖြတ်​၍ ငါ့​အား​တံ​တိုင်း​အ​တွင်း​ဝင်း​ထဲ​သို့​ခေါ်​ဆောင်​သွား​၏။ သူ​သည်​မုခ်​ပေါက်​ကို​တိုင်း​တာ​၍ ကြည့်​ရာ​အ​ခြား​မုခ်​ပေါက်​များ​၏​ပ​မာ​ဏ​အ​တိုင်း​ပင်​တွေ့​ရ​၏။-