ယေ​ဇ​ကျေ​လ 43:17-23 BCL

17 အ​လယ်​ဆင့်​သည်​လည်း​စ​တု​ရန်း​ပုံ​သဏ္ဌာန် ပင်​ဖြစ်​၍​အ​လျား​အ​နံ​နှစ်​ဆယ့်​လေး​ပေ​စီ ရှိ​၏။ ယင်း​အ​ဆင့်​ပတ်​လည်​အ​နား​တွင်​အ​နက် ဆယ်​ပေ​ရှိ​သော​ဘောင်​ရှိ​၏။ (ရေ​စီး​မြောင်း​သည် လက်​မ​နှစ်​ဆယ်​ကျယ်​သ​တည်း။) ယဇ်​ပလ္လင်​သို့ တက်​ရန်​လှေ​ကား​မှာ​အ​ရှေ့​ဘက်​၌​ရှိ​၏။

18 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``အ​ချင်း လူ​သား၊ ငါ​ပြော​သည်​ကို​နား​ထောင်​လော့။ ယဇ် ပလ္လင်​ကို​တည်​ဆောက်​ပြီး​သော​အ​ခါ​သင်​သည် ယဇ်​ကောင်​များ​ကို​မီး​ရှို့​ပူ​ဇော်​ခြင်း၊ ယဇ်​ကောင် များ​၏​သွေး​ဖြင့်​ယဇ်​ပလ္လင်​ကို​ပက်​ဖျန်း​ခြင်း ဖြင့်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​ရ​မည်။-

19 ငါ​၏​ရှေ့​တော်​သို့​ဝင်​၍​အ​မှု​တော်​ဆောင်​သူ များ​မှာ​ဇာ​ဒုတ်​၏​သား​မြေး၊ လေ​ဝိ​အ​နွယ် ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ရ​မည်။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။ သင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​အ​တွက်​နွား​ထီး​ပျို​တစ်​ကောင် ကို​သူ​တို့​အား​ပေး​ရ​မည်။-

20 သင်​သည်​ထို​နွား​၏​သွေး​အ​နည်း​ငယ်​ကို​ယူ ၍​ယဇ်​ပလ္လင်​ထိပ်​ထောင့်​ချွန်​များ၊ အ​လယ်​ဆင့် ထောင့်​များ​နှင့်​ယဇ်​ပလ္လင်​ပတ်​လည်​အ​နား​တို့ အ​ပေါ်​မှာ​တင်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သင် သည်​ယဇ်​ပလ္လင်​ကို​သန့်​စင်​စေ​၍​ဆက်​ကပ် ရ​မည်။-

21 အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​သည့် နွား​ကို​ယူ​၍​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သတ် မှတ်​ထား​သည့်​အ​ရပ်​တွင်​မီး​ရှို့​ရ​မည်။-

22 နောက်​တစ်​နေ့​၌​အ​ပြစ်​အ​နာ​အ​ဆာ​ကင်း သည့်​ဆိတ်​ထီး​တစ်​ကောင်​ကို​ယူ​၍​အပြစ် ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​ရ​မည်။-

23 ဤ​အ​မှု​ကို​ပြု​ပြီး​သော​အ​ခါ​အ​ပြစ် အ​နာ​အ​ဆာ​ကင်း​သော​နွား​ပျို​တစ်​ကောင် နှင့်​သိုး​ထီး​ပျို​တစ်​ကောင်​ကို​ယူ​၍၊-