16 သူတို့သာလျှင်ငါ၏ဗိမာန်တော်သို့ဝင် ပြီးလျှင်ငါ၏ယဇ်ပလ္လင်တွင်အမှုတော် ဆောင်၍ ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှုကိုဦးဆောင်ရမည်။-
17 သူတို့သည်မုခ်ပေါက်မှဗိမာန်တော်၏တံတိုင်း အတွင်းသို့ ဝင်သောအခါပိတ်ချောထည်ကို ဝတ်ဆင်ရကြမည်။ တံတိုင်းအတွင်းရှိဝင်း ထဲ၌သော်လည်းကောင်း၊ ဗိမာန်တော်ထဲ၌ သော်လည်းကောင်း တာဝန်ထမ်းဆောင်နေစဉ် မည်သည့်သိုးမွေးထည်ကိုမျှမဝတ်မဆင် ရကြ။-
18 ချွေးမထွက်စေရန်ပိတ်ချောခေါင်းပေါင်းကို ပေါင်း၍ပိတ်ချောဘောင်းဘီကိုဝတ်ဆင်ရ ကြမည်။ ခါးပတ်ကိုမဝတ်ရကြ။-
19 လူများရှိရာတံတိုင်းအပြင်ဝင်းသို့မထွက် မီသူတို့သည်မိမိတို့တာဝန်ထမ်းဆောင်စဉ် ကဝတ်ဆင်ထားသည့်အဝတ်များကိုချွတ်၍ သန့်ရှင်းမြင့်မြတ်သည့်အခန်းများတွင်ထား ခဲ့ရကြမည်။ လူတို့အားဘေးအန္တရာယ်မပေး ရန်သန့်ရှင်းမြင့်မြတ်သည့်အဝတ်အထည်များ ကိုအခြားအဝတ်များနှင့်လဲ၍ဝတ်ရကြ မည်။
20 ``သူတို့သည်မိမိတို့၏ဦးခေါင်းကိုမရိတ်ရ ကြ။ ဆံပင်ရှည်အောင်လည်းမထားရကြ။ သင့် တော်လျောက်ပတ်သလောက်သာအရှည်ထား ရမည်။-
21 ယဇ်ပုရောဟိတ်တို့သည်တံတိုင်းအတွင်း ရှိဝင်းသို့မဝင်မီစပျစ်ရည်ကိုမသောက် ရကြ။-
22 အဘယ်ယဇ်ပုရောဟိတ်မျှကွာရှင်းထား သည့်အမျိုးသမီးနှင့်မထိမ်းမြားရ။ ဣ သရေလအပျိုစင် သို့မဟုတ်အခြားယဇ် ပုရောဟိတ်တစ်ဦး၏မုဆိုးမနှင့်သာလျှင် ထိမ်းမြားရမည်။ အခြားမုဆိုးမနှင့်မ ထိမ်းမြားရ။