ယေ​ဇ​ကျေ​လ 6:10-14 BCL

10 ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ ငါ​ကြို​တင်​သ​တိ​ပေး​ချက်​များ​သည် အ​ချည်း​နှီး​ကြုံး​ဝါး​ချက်​များ​မ​ဟုတ် ကြောင်း​ကို​လည်း​ကောင်း သူ​တို့​သိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။

11 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ပြု​ခဲ့​သည့်​ဆိုး​ညစ် စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​တို့​ကြောင့် လက်​နှစ်​ဘက် ကို​ရိုက်​၍​ခြေ​ကို​ဆောင့်​ကာ​ဝမ်း​နည်း​ပူ​ဆွေး လျက်​ငို​ကြွေး​ကြ​လော့။ သူ​တို့​သည်​စစ်​ပွဲ​တွင် လည်း​ကောင်း၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​ဖြင့်​လည်း​ကောင်း သေ​ရ​ကြ​လိမ့်​မည်။-

12 ရပ်​ဝေး​သို့​ရောက်​နေ​သူ​များ​သည်​ဖျား​နာ​၍ သေ​ရ​ကြ​လျက် အ​နီး​၌​ရှိ​နေ​သူ​တို့​မူ​ကား စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ မ​သေ​ဘဲ ကျန်​ရစ်​သူ​တို့​သည်​အ​စာ​ငတ်​၍​သေ​ရ ကြ​လိမ့်​မည်။ သူ​တို့​သည်​ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​ခံ​ရ​ကြ​လိမ့်​မည်။-

13 လူ​သေ​ကောင်​တို့​သည်​ရုပ်​တု​များ​အ​ကြား နှင့်​ယဇ်​ပလ္လင်​များ​ပတ်​လည်​၌​လည်း​ကောင်း၊ မြင့်​သော​တောင်​ကုန်း​များ​နှင့်​တောင်​ထိပ်​များ ၌​လည်း​ကောင်း၊ စိမ်း​လန်း​သော​သစ်​ပင်​များ​နှင့် ဝက်​သစ်​ချပင်​ကြီး​ရှိ​သ​မျှ​အောက်​၌​လည်း ကောင်း၊ ရုပ်​တု​တို့​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရာ​ဌာ​န​ရှိ​သ​မျှ​တို့​၌​လည်း​ကောင်း ပျံ့​နှံ့​၍​နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်။-

14 ငါ​သည်​လက်​ကို​ဆန့်​၍​သူ​တို့​၏​ပြည်​ကို ဖျက်​ဆီး​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နေ​ထိုင်​ရာ​အ​ရပ်​မှန်​သ​မျှ​ကို​ချမ်း​သာ မ​ပေး​ဘဲ တောင်​ဘက်​တော​ကန္တာ​ရ​မှ​သည် မြောက်​ဘက်​ဒိ​ဗ​လတ်​မြို့​သို့​တိုင်​အောင်​လူ သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​ကြောင်း​ကို လူ အ​ပေါင်း​တို့​သိ​ရှိ​လာ​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။