1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
2 ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
3 ``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
4 ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
5 အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ဘေးဒုက္ခတစ်ခုပြီးတစ်ခုသင့်ထံ သို့ရောက်ရှိလာလိမ့်မည်။-