ယေ​ဇ​ကျေ​လ 9:5-11 BCL

5 ထို​နောက်​ဘု​ရား​သ​ခင်​က​အ​ခြား​သူ​တို့ အား``ထို​သူ​၏​နောက်​သို့​လိုက်​၍​မြို့​တွင်း တစ်​လျှောက်​တွင်​သတ်​ဖြတ်​ကြ​လော့။ မည်​သူ့ ကို​မျှ​ချမ်း​သာ​မ​ပေး​နှင့်။ မည်​သူ့​ကို​မျှ မ​သ​နား​မ​ညှာ​တာ​နှင့်။-

6 အ​သက်​ကြီး​သူ​များ၊ ပျို​ရွယ်​သူ​ယောကျာ်း မိန်း​မ​များ၊ က​လေး​အ​မေ​များ​နှင့်​က​လေး များ​ကို​သတ်​ကြ​လော့။ သို့​ရာ​တွင်​န​ဖူး တွင်​အ​မှတ်​သ​ညာ​ရှိ​သူ​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​ထိ​နှင့်။ ငါ​၏​ဗိ​မာန်​တော်​မှ​အ​စ ပြု​၍​ဆောင်​ရွက်​လော့'' ဟု​မိန့်​တော်​မူ​သည် ကို​ငါ​ကြား​ရ​၏။ သို့​ဖြစ်​၍​ထို​သူ​တို့​သည် ဗိ​မာန်​တော်​တွင်​ရပ်​လျက်​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​သက်​ကြီး​သူ​များ​ကို​ဦး စွာ​သတ်​ကြ​၏။

7 ဘု​ရား​သ​ခင်​က``ဗိ​မာန်​တော်​ကို​ညစ်​ညမ်း စေ​ကြ​လော့။ တံ​တိုင်း​များ​ကို​လူ​သေ​ကောင် များ​ဖြင့်​ပြည့်​စေ​ကြ​လော့။ အ​လုပ်​စ​၍ လုပ်​ကြ​လော့။'' ဟု​မိန့်​တော်​မူ​၏။ သို့​ဖြစ်​၍ ထို​သူ​ခြောက်​ယောက်​တို့​သည်​မြို့​တွင်း​ရှိ လူ​တို့​ကို​စ​တင်​သတ်​ဖြတ်​ကြ​၏။

8 ယင်း​သို့​ထို​သူ​တို့​သတ်​ဖြတ်​နေ​ကြ​ချိန် ၌​ငါ​သည်​တစ်​ယောက်​တည်း​ကျန်​ခဲ့​၏။ ငါ သည်​မြေ​ပေါ်​သို့​လှဲ​ချ​ပျပ်​ဝပ်​ကာ``အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ဣ​သ​ရေ​လ ပြည်​တွင်​ကျန်​ရှိ​သ​မျှ​သော​လူ​တို့​ကို​သတ် ဖြတ်​စေ​သည့်​တိုင်​အောင် ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​တော်​မူ​ပါ​သ​လော'' ဟု​ဟစ် အော်​လျှောက်​ထား​၏။

9 ဘု​ရား​သ​ခင်​က``ဣ​သ​ရေ​လ​နှင့်​ယု​ဒ​ပြည် သူ​ပြည်​သား​တို့​၏​အ​ပြစ်​များ​သည်​အ​ကယ် ပင်​ကြီး​လေး​၏။ သူ​တို့​သည်​ပြည်​တွင်း​နေ​ရာ တ​ကာ​တွင်​လူ​သတ်​မှု​များ၊ ပြစ်​မှု​များ​ဖြင့် ပြည့်​နှက်​စေ​ကြ​လျက်`ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ပြည်​ကို​စွန့်​တော်​မူ​လေ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​ကို​မြင်​တော်​မ​မူ' ဟု ဆို​ကြ​၏။-

10 သို့​ရာ​တွင်​ငါ​သည်​သူ​တို့​ကို​သ​နား​မည် မ​ဟုတ်။ ချမ်း​သာ​ပေး​လိမ့်​မည်​မ​ဟုတ်။ ထို​သူ တို့​သူ​တစ်​ပါး​အား​ပြု​ကြ​သည်​အ​တိုင်း သူ​တို့​အား​ငါ​ပြု​မည်'' ဟု​မိန့်​တော်​မူ​၏။

11 ထို​နောက်​ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​ထား​၍ စာ​ရေး​ကိ​ရိ​ယာ​ကို​ယူ​ဆောင်​လာ​သူ​က``အ ကျွန်ုပ်​သည်​ကိုယ်​တော်​ရှင်​၏​အ​မိန့်​တော်​အ တိုင်း​ဆောင်​ရွက်​ပြီး​ပါ​ပြီ'' ဟု ထာ​ဝ​ရ ဘု​ရား​အား​လာ​ရောက်​အ​စီ​ရင်​ခံ​လေ သည်။