1 အာဒံ၏သားသည်ရှေသ၊ ရှေသ၏သားမှာ ဧနုတ်၊ ဧနုတ်၏သားကားကာဣနန်ဖြစ်၏။-
2 ကာဣနန်၏သားသည်မဟာလေလ၊ မဟာ လေလ၏သားကားယာရက်တည်း။-
3 ယာရက်၏သားသည်ဧနောက်၊ ဧနောက်၏သား မှာမသုရှလ၊ မသုရှလ၏သားကားလာမက် ဖြစ်၏။-
4 လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
5 ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
6 ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-