1 အာဒံ၏သားသည်ရှေသ၊ ရှေသ၏သားမှာ ဧနုတ်၊ ဧနုတ်၏သားကားကာဣနန်ဖြစ်၏။-
2 ကာဣနန်၏သားသည်မဟာလေလ၊ မဟာ လေလ၏သားကားယာရက်တည်း။-
3 ယာရက်၏သားသည်ဧနောက်၊ ဧနောက်၏သား မှာမသုရှလ၊ မသုရှလ၏သားကားလာမက် ဖြစ်၏။-
4 လာမက်၏သားသည်နောဧဖြစ်၍နောဧတွင် ရှေမ၊ ဟာမ၊ ယာဖက်ဟူသောသားသုံးယောက် ရှိ၏။
5 ယာဖက်၏သားများဖြစ်ကြသော ဂေါမာ၊ မာ ဂေါဂ၊ မာဒဲ၊ ယာဝန်၊ တုဗလ၊ မေရှကနှင့်တိ ရတ်တို့သည်မိမိတို့နာမည်အသီးသီးကို ဆောင်ကုန်သောအမျိုးသားတို့၏ဘိုးဘေး များဖြစ်ကြ၏။-
6 ဂေါမာမှဆင်းသက်လာသူများမှာအာရှ ကေနတ်၊ ရိဖတ်နှင့်တောဂါမအမျိုးသား များဖြစ်သတည်း။-
7 ယာဝန်မှဆင်းသက်လာသူများသည်ဧလိရှာ၊ တာရှု၊ ကိတ္တိမ်နှင့်ဒေါဒါနိမ်အမျိုးသားများ ဖြစ်ကြ၏။
8 ဟာမ၏သားများဖြစ်ကြသောကုရှ၊ အီဂျစ်၊ လိဘိယနှင့်ခါနာန်တို့သည်မိမိတို့၏နာမည် အသီးသီးကို ဆောင်ကုန်သောအမျိုးသား တို့၏ဘိုးဘေးများဖြစ်ကြ၏။-
9 ကုရှမှဆင်းသက်လာသူများမှာသေဘ၊ ဟဝိလ၊ သာဗတ၊ ရာဂမနှင့်သတ္တေခါ အမျိုးသားများဖြစ်ပေသည်။ ရာဂမမှ ဆင်းသက်လာသူများသည်ရှေဘနှင့် ဒေဒန်အမျိုးသားများဖြစ်ကြ၏။-
10 (ကုရှတွင်နိမ်ရောဒနာမည်ရှိသောသားတစ် ယောက်ရှိ၏။ သူသည်ကမ္ဘာပေါ်တွင်ပထမ အဦးဆုံးလူစွမ်းကောင်းဖြစ်လာ၏။-)
11 အီဂျစ်မှဆင်းသက်လာသူများမှာလုဒိန်၊ အာနမိမ်၊ လဟာဗိမ်၊ နတ္တုဟိမ်၊-
12 ပါသရုသိမ်၊ ကာသလုဟိမ်နှင့်ကတ္တောရိမ် အမျိုးသားများတည်း။ (ကတ္တောရိမ်အမျိုး သားများမှဖိလိတ္တိအမျိုးသားတို့ဆင်း သက်ပေါက်ပွားလာကြပေသည်။-)
13 ခါနာန်၏သားအကြီးဇိဒုန်နှင့်သားငယ် ဟေသတို့မှဆင်းသက်လာသူများမှာ မိမိ တို့၏အမည်နာမအသီးသီးကိုဆောင် ကုန်သောအမျိုးသားများဖြစ်ကြ၏။-
14-16 ခါနာန်သည်ယေဗုသိ၊ အာမောရိ၊ ဂိရဂါရှိ၊- ဟိဝိ၊ အာကိ၊ သိနိ၊- အာဝဒိ၊ ဇေမရိနှင့်ဟာမသိ အမျိုးသားများ၏ဘိုးဘေးများဖြစ်ကြ၏။
17 ရှေမ၏သားများဖြစ်ကြသော ဧလံ၊ အာရှု၊ အာဖာဇဒ်၊ လုဒ၊ အာရံ၊ ဥဇ၊ ဟုလ၊ ဂေသာ နှင့်မာရှတို့သည် မိမိတို့၏နာမည်အသီး သီးကိုဆောင်ကုန်သောအမျိုးသားတို့၏ ဘိုးဘေးများဖြစ်ကြ၏။-
18 အာဖာဇဒ်၏သားသည် ရှာလ၊ ရှာလ၏သား မှာဟေဗာဖြစ်၏။-
19 ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ တစ်ယောက်သည် ဖာလက်ဟုနာမည်တွင်၏။ အဘယ်ကြောင့်ဆို သော်သူ၏လက်ထက်တွင် ကမ္ဘာပေါ်ရှိလူတို့ သည်ကွဲသွားကြသောကြောင့်ဖြစ်၏။ အခြား သားတစ်ယောက်သည်ယုတ္တန်ဟုနာမည်တွင်၏။-
20 ယုတ္တန်မှဆင်းသက်လာသူများမှာ အာလ မောဒန်၊ ရှေလပ်၊ ဟာဇာမာဝက်၊ ယေရ၊-
21 ဟဒေါရံ၊ ဥဇာလ၊ ဒိကလ၊
22-23 သြဗာလ၊ အဘိမေလ၊ ရှေဘ၊ သြဖိရ၊ ဟဝိလနှင့်ယောဗပ်အမျိုးသားများဖြစ် သတည်း။
24 ရှေမမှအာဗြဟံအထိဆွေစဉ်မျိုးဆက် များမှာ ရှေမ၊ အာဖာဇဒ်၊ ရှာလ၊-
25-27 ဟေဗာ၊ ဖာလက်၊ ရာဂေါ၊- စေရောက်၊ နာခေါ်၊ တေရ နှင့်၊-အာဗြဟံဟုလည်းနာမည်တွင်သောအာဗြံ တို့ဖြစ်ကြ၏။
28 အာဗြဟံတွင်ဣဇာက်နှင့်ဣရှမေလဟူ၍ သားနှစ်ယောက်ရှိ၏။-
29 ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
30 မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊-
31 ယေတုရ၊ နာဖိရှ၊ ကေဒမာဟူ၍ဖြစ်သတည်း။
32 အာဗြဟံ၏မယားနှောင်းနာမည်မှာကေတုရ ဖြစ်၏။ သူသည်ဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်နှင့်ရှုအာဟူသောသားခြောက်ယောက် ကိုဖွားမြင်လေသည်။ ယုတ်ရှန်တွင်ရှာဘနှင့် ဒေဒန်ဟူသောသားနှစ်ယောက်ရှိ၏။-
33 မိဒျန်တွင်ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒ နှင့်ဧလဒါဟူသောသားငါးယောက်ရှိ၏။
34 အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။-
35 ဧသော၏သားများကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ နှင့်ကောရဖြစ်၏။-
36 ဧလိဖတ်သည် တေမန်၊ သြမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်၊ တိမနနှင့်အာမလက်အနွယ်တို့၏ ဘိုးဘေးဖြစ်လာ၏။-
37 ရွေလသည်လည်း၊ နာဟတ်၊ ဇေရ၊ ရှမ္မနှင့်မိဇ္ဇ အနွယ်တို့၏ဘိုးဘေးဖြစ်လာ၏။
38-42 ဧဒုံပြည်တွင်မူလနေထိုင်ကြသူများသည် အောက်ဖော်ပြပါစိရ၏သားများဖြစ်ကြ သောလောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊ ဒိရှုန်၊ ဧဇာနှင့်ဒိရှန်တို့မှဆင်းသက်လာသူများ ဖြစ်ပေသည်။လောတန်သည်ဟောရိနှင့်ဟေမံသားချင်းတို့၏ ဘိုးဘေးဖြစ်၏။ (လောတန်တွင်တိမနနာမည် တွင်သောနှမတစ်ယောက်ရှိ၏။)ရှောဗလသည် အာလာဝန်၊ မနာဟတ်၊ ဧဗာလ၊ ရှေဖောနှင့်သြနံသားချင်းစုတို့၏ဘိုးဘေး ဖြစ်၏။ဇိဘောင်မှာအာယနှင့်အာနနာမည်တွင်သော သားနှစ်ယောက်ရှိ၏။အာန၏သားသည်ဒိရှုန်ဖြစ်၏။ဒိရှုန်သည် ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်နှင့်ခေရန် သားချင်းစုတို့၏ဘိုးဘေးဖြစ်၏။ဧဇာသည်ဗိလဟန်၊ ဇာဝန်နှင့်အာကန်သား ချင်းစုတို့၏ဘိုးဘေးဖြစ်၏။ဒိရှန်သည်ဥဇနှင့်အာရန်သားချင်းစုတို့၏ ဘိုးဘေးဖြစ်၏။
43-50 ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။(သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။)မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊(သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)
51 ဧဒုံပြည်သူများတွင်ပါဝင်ကြသောအနွယ် များမှာ တိမနာ၊ အာလဝ၊ ယေသက်၊-
52-54 အဟောလိဗာမ၊ ဧလာ၊ ပိနုန်၊- ကေနတ်၊ တေမန်၊ မိဗဇ၊-မာဂဒေလနှင့်ဣရံတို့ဖြစ်သတည်း။