43-50 ဣသရေလနိုင်ငံတွင်ဘုရင်တစ်ပါးမျှမပေါ် ပေါက်မီကာလ၌ ဧဒုံပြည်ကိုအောက်ပါဘုရင် များအုပ်စိုးကြလေသည်။ဗောရ၏သားဖြစ်သူ၊ဒိန္နာဗာမြို့သားဗေလ၊ဇေရ၏သားဖြစ်သူ၊ဗောဇရအရပ်သားယောဗပ်၊တေမာနိအရပ်သားဟုရှံ၊ဗေဒဒ်၏သားဟာဒဒ်၊သူ၏မြို့မှာအာဗိတ်မြို့ဖြစ်သည်။(သူသည်မောဘလွင်ပြင်တိုက်ပွဲတွင် မိဒျန်အမျိုးသားတို့ကိုနှိမ်နင်းခဲ့သည်။)မာသရက်အရပ်သားစာမလ၊ရဟောဘုတ် မြစ်အနီးမှရှောလ၊အာခဗော်၏သားဗာလဟာနန်၊ပေါမြို့မှဟာဒါ၊(သူ၏မိဖုရားကားမဟေတဗေလဖြစ်၏။မဟေတဗေလသည်မာတရေဒ၏သမီး၊ မေဇဟပ်၏မြေးဖြစ်သတည်း။)