9 ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
10 အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။
11 သူတို့၏နာမည်များမှာပထမဆုံး၊ ဟခ မောနိသားချင်းစုဝင်ယာရှောဗံဖြစ်သည်။ သူသည်သူရဲကောင်းသုံးယောက်တို့တွင်ခေါင်း ဆောင်ဖြစ်၏။ တိုက်ပွဲတစ်ခုတည်း၌ပင်လျှင် လူသုံးရာကိုလှံဖြင့်ထိုးသတ်တိုက်ခိုက်ခဲ့ သူဖြစ်သတည်း။-
12 နာမည်ကျော်သူရဲကောင်းသုံးယောက်အပါ အဝင်ဒုတိယသူရဲကောင်းမှာအဟောဟိ သားချင်းစုဝင်၊ ဒေါဒေါ၏သားဧလဇာ ဖြစ်၏။-
13 သူသည်ပါသဒမ္မိမ်တိုက်ပွဲတွင်ဒါဝိဒ်နှင့် အတူ ဖိလိတ္တိအမျိုးသားတို့အားတိုက်ခိုက် ခဲ့သူဖြစ်၏။ ဣသရေလအမျိုးသားတို့ တပ်လှန့်စပြုသောအခါသူသည်မုယော စပါးလယ်ပြင်တစ်ခုတွင်ရှိ၏။-
14 သို့ဖြစ်၍သူသည်မိမိ၏အဖော်များနှင့် လယ်ပြင်အလယ်တွင်ရပ်လျက် ဖိလိတ္တိအမျိုး သားတို့ကိုတိုက်ခိုက်လေသည်။ ထာဝရ ဘုရားသည်သူ့အားကြီးစွာသောအောင်ပွဲ ကိုပေးတော်မူ၏။
15 တစ်နေ့သ၌ဖိလိတ္တိအမျိုးသားတစ်စု သည်ရေဖိမ်ချိုင့်ဝှမ်းတွင်တပ်စခန်းချလျက် ရှိနေစဉ် ရှေ့တန်းခေါင်းဆောင်များဖြစ်သော ရဲဘော်သုံးကျိပ်မှရဲဘော်သုံးဦးတို့သည် အဒုလံလှိုဏ်ဂူအနီးဒါဝိဒ်မင်းရှိရာ ကျောက်ဆောင်သို့သွားရောက်ကြ၏။-