၁ ရာ​ချုပ် 12:14-20 BCL

14 ဂဒ်​အ​နွယ်​ဝင်​မှ​ထို​သူ​အ​ချို့​တို့​သည်​တစ် ထောင်​တပ်​ကို​အုပ်​ချုပ်​ရ​သူ၊ အ​ချို့​မှာ​တစ် ရာ​တပ်​ကို​အုပ်​ချုပ်​ရ​သူ​တပ်​မှူး​များ​ဖြစ် ကြ​၏။-

15 ထို​နှစ်​၏​ပ​ထ​မ​လ​၌​ယော်​ဒန်​မြစ်​ရေ​လျှံ သော​အ​ခါ သူ​တို့​သည်​မြစ်​ကို​ဖြတ်​ကူး​ပြီး နောက် မြစ်​၏​အ​ရှေ့​နှင့်​အ​နောက်​ဘက်​ရှိ​ချိုင့် ဝှမ်း​များ​တွင် နေ​ထိုင်​ကြ​သူ​တို့​ကို​ထွက်​ပြေး စေ​ကြ​၏။

16 အ​ခါ​တစ်​ပါး​၌​ဗင်္ယာ​မိန်​နှင့်​ယု​ဒ​အ​နွယ် ဝင်​တို့​မှ လူ​အ​ချို့​တို့​သည်​ဒါ​ဝိဒ်​မင်း​ရှိ​ရာ ရဲ​တိုက်​သို့​လာ​သော​အ​ခါ၊-

17 ဒါ​ဝိဒ်​မင်း​သည်​သူ​တို့​အား​ခရီး​ဦး​ကြို​ပြု လျက်``သင်​တို့​သည်​မိတ်​ဆွေ​အ​ဖြစ်​ဖြင့်​ငါ့ ကို​ကူ​ညီ​ရန်​လာ​ရောက်​ကြ​ခြင်း​ဖြစ်​ပါ​မူ ငါ​သည်​သင်​တို့​အား​ကြို​ဆို​လက်​ခံ​ပါ​၏။ ငါ​တို့​ဘက်​သို့​ဝင်​ကြ​လော့။ သို့​ရာ​တွင်​သင် တို့​သည်​ငါ့​အား​ရန်​သူ​များ​လက်​သို့​အပ် ရန်​လာ​လျှင်​မူ​ကား ငါ​သည်​သင်​တို့​အား အ​နာ​တ​ရ​ပြု​မည်​မ​ဟုတ်​သော်​လည်း ငါ တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​သင်​တို့​ပြု သည့်​အ​မှု​ကို​မြင်​တော်​မူ​၍ သင်​တို့​အား အပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။

18 ဘု​ရား​သ​ခင်​ထံ​တော်​မှ​ဝိ​ညာဉ်​တော်​သည် အာ​မ​သဲ​အ​ပေါ်​သို့​သက်​ရောက်​ကာ​နောင် အ​ခါ​၌ ရဲ​ဘော်​သုံး​ကျိပ်​တို့​၏​တပ်​မှူး ဖြစ်​လာ​သူ​အာ​မ​သဲ​က၊``ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​မင်း၊ကျွန်​တော်​တို့​သည် အ​ရှင်​၏​ဘက်​တော်​သား​များ​ဖြစ်​ကြ​ပါ​၏။ဘု​ရား​သ​ခင်​သည်​အ​ရှင်​၏​ဘက်​၌​ရှိ​ပါ​၏။အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​အား​ကူ​ညီ​ကြ​သူ​တို့ သည်အောင်​မြင်​ကြ​ပါ​စေ​သော'' ဟု​ဟစ်​အော် လျှောက်​ထား​၏။ဒါ​ဝိဒ်​သည်​ထို​သူ​တို့​ကို​လက်​ခံ​လျက် မိ​မိ တပ်​တွင်​အ​ရာ​ရှိ​များ​အ​ဖြစ်​ခန့်​အပ်​လေ​၏။

19 ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-

20 ဇိ​က​လတ်​မြို့​သို့​ဒါ​ဝိဒ်​ပြန်​သွား​ချိန်​၌​မ​နာ ရှေ​အ​နွယ်​ဝင်​မှ သူ​၏​ဘက်​သို့​ဝင်​ရောက်​လာ သည့်​စစ်​သူ​ရဲ​များ​မှာ​အာ​ဒ​န၊ ယော​ဇ​ဗဒ်၊ ယေ​ဒ​ယေ​လ၊ မိက္ခေ​လ၊ ယော​ဇ​ဗဒ်၊ ဧ​လိ​ဟု နှင့်​ဇိ​လ​သဲ​တို့​ဖြစ်​ကြ​၏။ သူ​တို့​အား​လုံး သည်​မ​နာ​ရှေ​အ​နွယ်​တွင်​တစ်​ထောင်​တပ် တပ်​မှူး​များ​ဖြစ်​ကြ​သ​တည်း။-