1-2 ဒါဝိဒ်သည်ရှောလုမင်းထံတော်မှထွက်ပြေး တိမ်းရှောင်နေချိန်၌ ဇိကလတ်မြို့တွင်နေထိုင် ၏။ ထိုအခါလူအများပင်သူ၏ဘက်သို့ ဝင်ရောက်လာကြ၏။ ထိုသူအပေါင်းတို့သည် ရှောလုနှင့်ဆွေမျိုးတော်စပ်သည့်ဗင်္ယာမိန် အနွယ်ဝင်မှ စစ်ရည်ဝ၍အားကိုးအားထား လောက်သောစစ်သူရဲများဖြစ်သတည်း။ သူ တို့သည်လက်ယာလက်ဖြင့်သော်လည်းကောင်း၊ လက်ဝဲလက်ဖြင့်သော်လည်းကောင်း လောက်လွှဲ နှင့်လေးကိုပစ်ခတ်နိုင်ကြ၏။-
3-7 သူတို့၏တပ်မှူးများမှာဂိဗာမြို့သား ရှေမာ၏သားဖြစ်ကြသော အဟေဇာနှင့် ယောရှတို့ဖြစ်ကြ၏။စစ်သူရဲများမှာအောက်ပါအတိုင်းဖြစ်သည်။အာဇမာဝက်၏သားများဖြစ်ကြသော ယေဇေလနှင့်ပေလက်။အနသုတ်မြို့သားဗေရာခနှင့်ယေဟု။ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်တစ်ဦးဖြစ်သူဂိဗောင်မြို့သားနာမည်ကျော်စစ်သူရဲဣရှမာယ။ဂေဒရမြို့သားများဖြစ်ကြသောယေရမိ၊ ယဟာဇေလ၊ယောဟနန်နှင့်ယောဇဗဒ်။ဟရုဖိမြို့သားများဖြစ်ကြသောဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ရှေမရိနှင့်ရှေဖတိ။ကောရသားချင်းစုမှဧလကာန၊ယေရှာ၊ အာဇရေလ၊ယောဇာနှင့်ယာရှောဗ။ဂေဒေါ်မြို့သားယေရောဟံ၏သားများ ဖြစ်ကြသော ယောလာနှင့်ဇေဗဒိတို့ဖြစ်ကြ၏။
8 ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
9-13 ရာထူးကြီးငယ်အလိုက်သူတို့၏နာမည် များမှာဧဇာ၊ သြဗဒိ၊ ဧလျာဘ၊ မိရှမန္န၊ ယေရမိ၊ အတ္တဲ၊ ဧလျေလ၊ ယောဟနန်၊ ဧလ ဇာဗဒ်၊ ယေရမိ၊ မာခဗာနဲဟူ၍ဖြစ်သတည်း။
14 ဂဒ်အနွယ်ဝင်မှထိုသူအချို့တို့သည်တစ် ထောင်တပ်ကိုအုပ်ချုပ်ရသူ၊ အချို့မှာတစ် ရာတပ်ကိုအုပ်ချုပ်ရသူတပ်မှူးများဖြစ် ကြ၏။-
15 ထိုနှစ်၏ပထမလ၌ယော်ဒန်မြစ်ရေလျှံ သောအခါ သူတို့သည်မြစ်ကိုဖြတ်ကူးပြီး နောက် မြစ်၏အရှေ့နှင့်အနောက်ဘက်ရှိချိုင့် ဝှမ်းများတွင် နေထိုင်ကြသူတို့ကိုထွက်ပြေး စေကြ၏။