20 ဇိကလတ်မြို့သို့ဒါဝိဒ်ပြန်သွားချိန်၌မနာ ရှေအနွယ်ဝင်မှ သူ၏ဘက်သို့ဝင်ရောက်လာ သည့်စစ်သူရဲများမှာအာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု နှင့်ဇိလသဲတို့ဖြစ်ကြ၏။ သူတို့အားလုံး သည်မနာရှေအနွယ်တွင်တစ်ထောင်တပ် တပ်မှူးများဖြစ်ကြသတည်း။-
21 သူတို့သည်ထူးချွန်သောစစ်သူရဲများဖြစ် သဖြင့် ဒါဝိဒ်၏တပ်သားတို့ကိုအုပ်ချုပ်သူ အရာရှိများအဖြစ်ဖြင့်အမှုထမ်းရကြ ၏။ နောင်အခါ၌သူတို့သည်ဣသရေလ တပ်မတော်တွင်အရာရှိများဖြစ်လာကြ လေသည်။-
22 နေ့တိုင်းလိုပင်ဒါဝိဒ်၏တပ်ဖွဲ့ထဲသို့လူသစ် များဝင်ရောက်လာကြသဖြင့် သူ၏တပ်မတော် သည်အလွန်အင်အားကြီးမားလာလေသည်။
23-37 ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ရှောလုမင်း၏နေရာတွင်ဒါဝိဒ်အားမင်း မြှောက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ရန် စစ်အတတ်ကိုလေ့ကျင့်ပြီးသောစစ်သူရဲ အများပင်သူ၏တပ်မတော်သို့ဝင်ရောက် လာကြ၏။ ထိုသူတို့၏အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ဒိုင်းလွှားများနှင့်လှံများကိုင်ဆောင်လျက် စစ်လက်နက်အပြည့်အစုံပါသောယုဒ အနွယ်ဝင်စစ်သူရဲခြောက်ထောင့်ရှစ်ရာ။ကောင်းစွာလေ့ကျင့်ပြီးသူရှိမောင်အနွယ် ဝင် စစ်သူရဲခုနစ်ထောင့်တစ်ရာ။လေဝိအနွယ်ဝင်လူပေါင်းလေးထောင့်ခြောက်ရာ။အာရုန်မှဆင်းသက်သောယောယဒ၏နောက်လိုက် လူပေါင်းသုံးထောင့်ခုနစ်ရာ။စစ်တိုက်ကောင်းသူ၊လုလင်ပျိုဇာဒုတ်၏ဆွေမျိုး၊ ခေါင်းဆောင်နှစ်ဆယ့်နှစ်ဦး။ရှောလု၏အနွယ်စုဖြစ်သောဗင်္ယာမိန်အနွယ်ဝင် လူပေါင်းသုံးထောင်။ (ဗင်္ယာမိန်အနွယ်မှလူများစု သည်ရှောလုမင်း၏သစ္စာတော်ကိုစောင့်သိကြသူ များဖြစ်၏။)ဧဖရိမ်စစ်သူရဲနှစ်သောင်းရှစ်ရာ။ သူတို့သည် မိမိတို့သားချင်းစုတွင်နာမည်ကျော်သူ များတည်း။အနောက်ပိုင်းမနာရှေအမျိုးသားများမှ ဒါဝိဒ်အားမင်းမြှောက်နိုင်ရေးအတွက်သွား ရောက်ဆောင်ရွက်ရန် ရွေးချယ်ထားသူလူပေါင်း တစ်သောင်းရှစ်ထောင်။ဣသခါအနွယ်ဝင်ခေါင်းဆောင်နှစ်ရာနှင့် သူတို့ ၏နောက်လိုက်များ (ဤခေါင်းဆောင်များသည် ဣသ ရေလအမျိုးသားတို့ပြုအပ်သောအမှုနှင့်ပြု ရန် အချိန်ကာလကိုသိရှိသူများဖြစ်ကြ၏။)ယုံကြည်စိတ်ချရ၍သစ္စာရှိသူဇာဗုလုန် အနွယ်ဝင်လူငါးသောင်း။ သူတို့သည်စစ်တိုက် ရန်အဆင်သင့်ရှိကြလျက်လက်နက်မျိုးစုံ ကိုကိုင်ဆောင်တတ်သူများဖြစ်ကြ၏။ဒိုင်းလွှား၊ လှံတံကိုင်ဆောင်သူလူသုံးသောင်းခုနစ် ထောင်နှင့်တကွ နဿလိအနွယ်ဝင်ခေါင်းဆောင် တစ်ထောင်။ စစ်အတတ်ကိုလေ့ကျင့်ထားပြီးသူ၊ဒန်အနွယ်ဝင်စစ်သူရဲနှစ်သောင်းရှစ်ထောင်ခြောက် ရာ။တိုက်ပွဲဝင်ရန်အသင့်ရှိသူအာရှာအနွယ်ဝင် လူပေါင်းလေးသောင်း။ယော်ဒန်မြစ်အရှေ့ဘက်ကမ်းမှရုဗင်၊ ဂဒ်နှင့် အရှေ့မနာရှေအနွယ်ဝင်များထဲမှလက်နက် မျိုးစုံကိုင်ဆောင်တတ်သူ လူပေါင်းတစ်သိန်း နှစ်သောင်းတို့ဖြစ်သတည်း။
38 တိုက်ပွဲဝင်ရန်အသင့်ရှိသောဤစစ်သူရဲ အပေါင်းတို့သည် ဒါဝိဒ်အားဣသရေလနိုင်ငံ တစ်ဝှမ်းလုံးကိုအစိုးရသောဘုရင်အဖြစ်ဖြင့် ချီးမြှောက်ကြရန်သန္နိဋ္ဌာန်ပြုလျက်ဟေဗြုန်မြို့ သို့သွားကြ၏။ ကျန်ဣသရေလပြည်သား အပေါင်းတို့သည်လည်း ထိုရည်ရွယ်ချက် ဖြင့်တစ်စိတ်တစ်သဘောတည်းရှိကြ၏။-
39 သူတို့သည်မိမိတို့၏အမျိုးသားများပြင် ဆင်ကျွေးမွေးသောအစားအသောက်များကို စားသောက်ကာ သုံးရက်တိုင်တိုင်ဒါဝိဒ်နှင့် အတူနေကြ၏။-
40 ဝေးကွာသောဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်မှစသောမြောက်ပိုင်းအရပ်များ မှလူတို့သည်မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ် ရည်နှင့်သံလွင်ဆီတို့ကိုမြည်းများ၊ ကုလား အုတ်များ၊ လားများ၊ နွားများဖြင့်တင်ဆောင် လာကြ၏။ သူတို့သည်သတ်၍စားရန်အတွက် နွားများနှင့်သိုးများကိုလည်းယူဆောင်လာ လေသည်။ ဤအမှုအရာအပေါင်းအားဖြင့် နိုင်ငံတစ်ဝှမ်းလုံးရှိဣသရေလအမျိုးသား တို့ပျော်ရွှင်ကြပုံကိုထုတ်ဖော်၍ပြသတည်း။