1 သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
2 ဒါဝိဒ်မင်းသည်ဤသို့ယဇ်များကိုပူဇော် ပြီးသောအခါ ထာဝရဘုရား၏နာမ တော်ကိုအမှီပြု၍လူတို့အားကောင်းချီး ပေးပြီးလျှင်၊-
3 အစားအစာများကိုဝေပေးတော်မူ၏။ မင်း ကြီးသည်ဣသရေလနိုင်ငံရှိအမျိုးသား အမျိုးသမီးအပေါင်းတို့အားမုန့်တစ်လုံး၊ အမဲသားတစ်တုံးနှင့် စပျစ်သီးခြောက် အနည်းငယ်စီပေးတော်မူ၏။
4 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအား ပဋိညာဉ်သေတ္တာတော်ရှေ့ တွင်ဝတ်ပြုကိုးကွယ်ရာ၌သီချင်းဆိုခြင်း၊ ဂုဏ်တော်ကိုချီးမွမ်းခြင်းတို့ဖြင့်ဦးဆောင်ရန် ဒါဝိဒ်မင်းသည်လေဝိအနွယ်ဝင်အချို့တို့ ကိုခန့်ထားတော်မူ၏။-
5 သူတို့၏ခေါင်းဆောင်မှာအာသပ်ဖြစ်၍သူ ၏လက်ထောက်မှာဇာခရိဖြစ်၏။ ယေလ၊ ရှေမိ၊ ရာမုတ်၊ ယေဟေလ၊ မတ္တိသိ၊ ဧလျာဘ၊ ဗေနာယ၊ သြဗဒေဒုံနှင့်ယေလတို့သည် စောင်းများကိုတီးရကြ၏။ အာသပ်ကား လင်းကွင်းကိုတီးရ၍၊-
6 ယဇ်ပုရောဟိတ်ဗေနာယနှင့်ယဟာဇေလ တို့ကတံပိုးခရာများကိုပဋိညာဉ်သေတ္တာ တော်၏ရှေ့တွင်အချိန်မှန်မှန်မှုတ်ရကြ၏။-