14 ထာဝရဘုရားသည်ငါတို့၏ဘုရားသခင် ဖြစ်တော်မူ၏။ကိုယ်တော်၏ပညတ်တော်တို့သည် ကမ္ဘာတစ်ဝန်းလုံးအတွက်ဖြစ်၏။
15-16 ထာဝစဉ်တည်မြဲစေရန်ကိုယ်တော်ပြုတော် မူသော ပဋိညာဉ်တော်တည်းဟူသောအာဗြဟံနှင့်ကိုယ်တော်ပြုတော်မူသော ပဋိညာဉ်တော်ကိုလည်းကောင်း၊ဣဇာက်အားပေးတော်မူသောကတိတော် ကိုလည်းကောင်း၊အဘယ်အခါ၌မျှမမေ့မလျော့ကြနှင့်။
17 ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။
18 ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
19 ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
20 တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
21 သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။