၁ ရာ​ချုပ် 16:15-16-22 BCL

15-16 ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သောအာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။

17 ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။

18 ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

19 ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။

20 တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။

21 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။

22 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။