17 ထာဝရဘုရားသည်ထာဝစဉ်တည်မြဲမည့် ပဋိညာဉ်တော်ကိုယာကုပ်နှင့်ပြုတော်မူခဲ့၏။
18 ကိုယ်တော်က``ခါနာန်ပြည်ကိုသင့်အားငါပေးမည်။သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။
19 ဘုရားသခင်၏လူမျိုးတော်သည် အရေအတွက်အားဖြင့်နည်းပါး၍၊ခါနာန်ပြည်တွင်သူစိမ်းတစ်ရံဆံများ အဖြစ်ဖြင့် နေရကြ၏။
20 တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
21 သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
22 ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
23 ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကိုနေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။