20 တစ်နိုင်ငံမှတစ်နိုင်ငံ၊လူမျိုးတစ်မျိုးမှ တစ်မျိုးသို့ လှည့်လည်သွားလာရကြ၏။
21 သို့ရာတွင်ဘုရားသခင်သည်သူတို့အားဖိစီး နှိပ်စက်ရန် အဘယ်သူကိုမျှခွင့်ပြုတော်မမူ။သူတို့အားကာကွယ်စောင့်ရှောက်ရန် ရှင်ဘုရင်တို့အားသတိပေးတော်မူ၏။
22 ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံ တို့ကို ဘေးဥပဒ်မရောက်စေကြနှင့်။ငါ၏ပရောဖက်တို့ကိုမထိကြနှင့်'' ဟုမိန့် တော်မူ၏။
23 ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြ လော့။ကိုယ်တော်သည်ငါတို့အားကယ်တော်မူကြောင်း သတင်းကောင်းကိုနေ့စဉ်နေ့တိုင်းထုတ်ဖော်ကြေညာကြလော့။
24 လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေကိုလည်းကောင်း၊လူအပေါင်းတို့အားကိုယ်တော်၏အံ့သြဖွယ်သောအမှုတော်တို့ကိုလည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
25 ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ငါတို့သည်ကိုယ်တော်ကိုထောမနာပြုရကြ ပေမည်။ငါတို့သည်ကိုယ်တော်အားအခြားဘုရားများ ထက် ပို၍ကြောက်ရွံ့ရိုသေရကြပေမည်။
26 အခြားလူမျိုးတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။